နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဝတ်မှုန်ရွှေရည်တစ်ယောက် နေမကောင်းတဲ့ ကြားက Real Fitness ငါးနှစ်ပြည့်ပွဲလေးကိုတက်ရောက် ခဲ့ပါတယ်။ အောင်မြင်တဲ့အနုပညာ ရှင်တစ်ဦးဖြစ်သလို အားပေးသူပရိတ်သတ်တွေ ကလည်း အများအပြားပါပဲ။ ကျရာဇာတ် ရုပ်မှာ အဆင်ပြေပြေသရုပ်ဆောင်နိုင်တဲ့ စွယ်စုံရ အနုပညာရှင် တစ်ဦးလည်းဖြစ်ပါတယ်။ အကယ်ဒမီရွှေစင်ရုပ်ထုကိုလည်းပိုင်ဆိုင်ထားပြီး အရည်အချင်း ပြည့်ဝတာကြောင့် အနု ပညာလမ်းကြောင်းပေါ်မှာ အောင်မြင်မှုတပွေ့တပိုက်နဲ့ မားမား မတ်မတ်ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

သူမပါဝင်သရုပ်ဆောင်ခဲ့တဲ့ အနမ်းဝိုင်ဇာတ်ကားဟာလည်း ပရိတ်သတ်အားပေးမှု အပြည့် အဝရရှိခဲ့တဲ့ ဇာတ်ကားပါပဲ။ အမြဲလိုလို ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ ခြယ်သထားတဲ့ သူမရဲ့ပုံရိပ်လေးတွေက ကြွေချင်စရာ ကောင်းလှပါတယ် ပရိတ်သတ်ကြီးရေ။ သူမပါဝင် ရိုက်ကူးခဲ့တဲ့ အနမ်းဝိုင်ရုပ်ရှင်ဇာတ်ကားရဲ့ ရင်ကိုထရှစေတဲ့ စကားလုံးလေးတွေဖြစ်တဲ့ " မချစ်ဖူးလို့ပါ " " ချစ်ဖူူးချင်လို့ပါ " " ချစ်မိသွားလို့ပါ " ဆိုတဲ့ စကားလုံးလေးတွေကတော့ ပရိတ်သတ်တွေ သဘောအကျဆုံးပါပဲ။

အနီရောင်အမိုက်စားကိုယ်ကျပ်အင်္ကျ ီလေးကိုဝတ်ဆင်ထားတဲ့ သူမရဲ့ ပုံရိပ် တွေက လုံးဝကိုအမိုက်စားပါပဲ။ Real Fitness ငါးနှစ်ပြည့်ပွဲလေးကို တက်ရောက်လာတဲ့ သူမရဲ့ ချစ်စဖွယ် အပြုံးလေးက ပရိတ်သတ်တွေရဲ့အချစ်ကို ပိုမိုချွေယူလိုက်သလိုပါပဲ။ အမိုက်စား ဖက်ရှင်တွေ နဲ့ ပရိတ်သတ်တွေကို အမြဲဆွဲဆောင်ခဲ့တဲ့သူမရဲ့ပုံရိပ် လေးတွေကို ပရိတ်သတ် ကြီး အတွက် တင်ဆက်ပေးလိုက်ပြီနော်။

Photo – Wutt Hmone Shwe Yi’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။