ရွှေထူးကတော့ စိတ်ကူးယဉ်စာအုပ်လေးတစ်အုပ်ပိုက်ပြီး အနုပညာပြေးလမ်းပေါ်မှာ ပရိတ်သတ်အခိုင်အမာရရှိထားတဲ့ အဆိုတော်လေးတစ်ဦးဖြစ်ပါတယ်။ရွှေထူူးကတော့ နှလုံးသားကို တံခါးလေးအမြဲဖွင့်ထားပေမယ့် Medusa ဆို မိန်းကလေးတွေကိုတော့ လုံးဝအ၀င်မခံပဲ True love ဆိုတဲ့ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာနဲ့ ချစ်သူပန်ကိတ်တယောက်ထဲကိုသာချစ်မြတ်နိုးတဲ့ သူလေးပဲဖြစ်ပါတယ်။ပရိတ်သတ်တွေရောရွှေထူးကိုချစ်ကြရဲ့လား။

တစ်ရက်လောက်မတွေ့ရရင်တစ်သက်လောက်ဝေးရတယ်လို့ထင်တဲ့ ပရိတ်သတ်တွေအတွက်လဲ မဝေးရအောင်အမြဲတမ်း မတူတဲ့တင်ဆက်မှုလေးတွေနဲ့ တင်ဆက်ပေးနေတတ်တဲ့အဆိုတော်တစ်ဦးလဲဖြစ်ပါတယ်။ ကြိုးစားမှု Iifinity နဲ့ Number one ဆိုတဲ့ ရလဒ်ထိရောက်အောင်ပါ ပရိတ်သတ်တွေအတွက်ကြိုးစားနေသူတစ်ဦးလဲဖြစ်ပါတယ်။ ရုပ်သေးရုပ် တစ်ရုပ်လို ကြိုးစွဲရာကိုမကတတ်ပေမယ့် ပရိတ်သတ်တွေကို အမြဲတမ်း မမေ့ဆေး လေးတွေကျွေးတတ်တဲ့ အဆိုတော်တစ်ဦးလဲဖြစ်ပါတယ်။

အခုဆိုရင်လဲ ချာတိတ် ဘဝကပုံလေးတစ်ပုံကိုလူမှုကွန်ယက်ကနေတစ်ဆင့် ပရိတ်သတ်တွေအတွက် လက်ဆောင် လေးပေးခဲ့တာပဲဖြစ်ပါတယ်။ မင်းရဲ့ပရိတ်သတ် လို့ပြောပြောနေတတ်တဲ့ပရိတ်သတ်တွေအတွက်လဲ ပုံလေးကိုကြည့်ပြီးဟာသတွေ ပြောစမ်းပါ လို့လဲပြောခဲ့တာလဲဖြစ်ပါတယ်။ရွှေထူူးကို ရေဒီယိုမှာမင်းရဲ့အစီအစဉ်တွေ တီဗွီပေါ်မှာ မင်းအငွေ့အသက်တွေလိုပြောချင်တဲ့ပရိတ်သတ်ကြီးရေ မကြာခင်ရောက်လာတော့မယ့် v dayလေးကရော ပရိတ်သတ်တွေအတွက် Unlucky Day လေးလား Silent Valendine လေးလားပြောပြခဲ့ဦးနော်။

source - Htoo Khant

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။