ရန်ကုန်မြို့ရှိတန်ခိုးကြီးဘုရားနေရာများနှင့် Tourists Attracti နေရာများတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် လာမည့်နှစ်တွင် CCTV ကင်မရာများ တပ်ဆင်သွားမည်ဖြစ်ကြောင်း ကရင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဒေါ်နော်ပန်းသ ဉ္ဇာမျိုးက ပြောသည်။

''လာမယ့်နှစ်ထဲမှာ လမ်းဘေးဓာတ်တိုင်ပေါင်း တစ်သိန်းလောက်ထဲက သုံးထောင်လောက်ကို ရွေးထုတ်ပြီးတော့ အရေးကြီးတဲ့နေရာတွေမှာ ဆိုလာစနစ်နဲ့ မီးလင်းနိုင်ဖို့ စီစဉ်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒီဓာတ်တိုင် သုံးထောင်နဲ့အတူ CCTV ကင်မရာတွေလည်း ပါဝင်မှာဖြစ်ပါတယ်'' ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထို့အပြင် ဒေါ်နော်ပန်းသ ဉ္ဇာမျိုးက ''ဒီလိုလုပ် ဆောင်တဲ့နေရာမှာ နိုင်ငံတော် ဘတ်ဂျက်တစ်ပြားတစ် ချပ်မှမသုံးဘဲ ဆက်သွယ်ရေးကုမ္ပဏီတွေ ကနေ မြေအောက်လမ်းကြောင်းတွေ ဖောက်လုပ်နေတာတွေ ရှိပါတယ်။ အစိုးရဓာတ်မီးတိုင်တွေကနေ ဆက်သွယ်ရေး လိုင်းတွေကို သွယ်ဖို့အတွက် လာရောက်လျှောက်ထားကြတဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းတွေက လှူဒါန်းတဲ့ ဓာတ်တိုင်တွေနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်''ဟု ပြောသည်။ ယင်းအပြင် ဓာတ်တိုင်ပေါင်းတစ်သိန်းကို တပ်ဆင်ပါက နှစ်နှစ်ခန့် အချိန်ပေးရမည်ဖြစ်ပြီး သုံးထောင်ကို အရင်စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

(ဇာနည်မောင်)

Ref., MOI

Photo - internet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။