မြင်သူအားကျရတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသလို အနုပညာလောကမှာလည်း နေရာတစ်နေရာအခိုင်အမာ ရရှိထားသူတစ်ဦးတဲ့ ပန်ပန်တစ်ယောက်တော့ " မနေ့ကဖြစ်သည် ၂ " ဆိုတဲ့ဇာတ်လမ်းတွဲရိုက်ကူးမှုကို ခဏနားကာ နောက်ထပ် ဇာတ်လမ်းတွဲတစ်ခုအတွက် ပြင်ဆင်ကာ ရိုက်ကူးနေပါတယ်လို့ ဆိုပါတယ်။

တသားမွေး တသွေးလှ ဆိုသလိုပဲ သားငယ်လေးမွေးပြီးမှ အလှကြီးလှလာတဲ့ သူမက MRTV - 4 ရဲ့ဇာတ်လမ်းတွဲတွေကိုလည်း ရိုက်ကူးနေရသလို နောက်ထပ်အသစ် ဇာတ်လမ်း တစ်ခုဖြစ်တဲ့ " နေရယ် လရယ် အမှန်တရားရယ် " ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို အခုကစပြီး ရိုက်ကူးနေပြီလို့ သိရပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာတော့ ရှေ့နေမလေး မေနှင်းဆီ " အဖြစ် တမူထူးခြားစွာ သရုပ်ဆောင်ထားပါတယ်လို့ ဆိုပါတယ်။

အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်းနဲ့ပဲ မြင်သူအားကျရတဲ့ မိသားစုဘဝလေးကို နှစ်ဦး သား အတူ ထူထောင်ခဲ့တာ အခုဆိုရင်တော့ (၃)နှစ်ပြည့်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ ၃နှစ်က နှစ်ဦးသားအတူတူ လက်မှတ်ထိုးခဲ့တဲ့နေ့လေးက ပုံရိပ်ကလေးတွေ ကိုလည်း အမှတ်တရအဖြစ် ဖော်ပြထားတာတွေ့ရပါတယ်။ အဘက်ဘက်က ပြည့်စုံပြီး မြင်သူအားကျရတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးလေးပန်ပန်ရဲ့ ပုံကလေးတွေကို စုစည်းကာမျှဝေပေးလိုက်ပါတယ်နော် ။

Source – Okkar Kyaw & Supan Htwar FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။