ဖေဖော်ဝါရီ ၇ ရက်နေ့က တောင်ဆူဒန်နိုင်ငံရှိ စစ်ဘေးသင့် ယမ်ဘီအိုမြို့မှာ ကလေးစစ်သားတွေကို လွတ်မြောက်ခွင့်ပေးခဲ့ပါတယ်။ယခုကိစ္စကို ကုလသမဂ္ဂကလည်း ကလေးစစ်သား အယောက် ၃၀၀ ကျော် ပြန်လည်လွတ်မြောက်ခဲ့ပြီလို့ ထုတ်ပြန်ကြေညာခဲ့တာလည်းဖြစ်ပါတယ်။လက်နက်ကိုင်အဖွဲ့များက ပြန်လွှတ်ခဲ့တဲ့ကလေး အယောက်ပေါင်း ၃၁၁ ဦးအနက် ၈၇ ဦးမှာ မိန်းကလေးများဖြစ်ကြသည်ဟု တောင်ဆူဒန် ကုလသမဂ္ဂ မစ်ရှင် UNMISS က ပြောခဲ့ပါတယ်။

" ဒီမှာ ခုလို ကလေးစစ်သားတွေ ပြန်လွတ်လာတဲ့အထဲမှာ တစ်ခါမှ ခုလောက်အထိ မိန်းကလေးဦးရေ အများကြီး မပါခဲ့ဘူးပါဘူး၊ ဒါ ပထမဆုံးပါ။သူတို့ကို အပြင်လောကမှာ ဒုက္ခတွေက အသင့်ဆီးကြိုနေပါလိမ့်မယ်၊ လိင်စော်ကားခံရနိုင်မှုတွေအပါအဝင်ပေါ့၊ ဒါကြောင့် သူတို့လေးတွေအနေနဲ့ သူတို့ရဲ့ အရင် အသိုင်းအဝိုင်းတွေ၊ ဆွေမျိုး၊ မိသားစုတွေဆီ ပြန်ရောက်သွားနိုင်ဖို့ အရေးကြီးပါတယ်" လို့ UNMISS အကြီးအကဲ ဒေးဗစ် ရှီအာရာက ပြောကြားခဲ့ပါတယ်။

တောင်ဆူဒန်ဟာ ၂၀၁၁ ခုနှစ်က ဆူဒန်နိုင်ငံထံမှ လွတ်လပ်ရေး ရရှိခဲ့တာလည်းဖြစ်ပါတယ်။သို့သော် ပြီးခဲ့တဲ့ နှစ်နှစ်ကျော်ကတည်းက တောင်ဆူဒန်မှာ ပဋိပက္ခ စစ်ပွဲများဆက်တိုက်ဖြစ်ပေါ်နေတာလည်းဖြစ်ပါတယ်။သမ္မတ ဆယ်လ်ဗာ ခီရာက ၎င်း၏ လက်ထောက်ဟောင်း နိုင်ငံရေးပြိုင်ဘက် ရိခ် မာချာအား အာဏာသိမ်းရန် ကြံစည်နေကြောင်း စွပ်စွဲခဲ့ရာကနေစလို့ လူပေါင်းများစွာ သေကျေပျက်စီးစေခဲ့သည့် တိုက်ပွဲများ ပေါ်ပေါက်နေခဲ့ရခြင်းဖြစ်ပါတယ်။

source - mizzima - new in burmese

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။