နာမည်ကျော်မော်ဒယ်တစ်ဦးဖြစ်တဲ့ M Seng Lu တစ်ယောက် Real Fitness ငါးနှစ်ပြည့်ပွဲ ကိုတက်ရောက်ခဲ့တဲ့ သူမရဲ့အမိုက်စားပုံရိပ်တွေ ကို Facebook မှာ တင်လိုက်ပါတယ်။ အနီရောင်ဂါဝန်ရှည်ကိုဝတ်ဆင်ထားတဲ့ သူမရဲ့အလှအပက တကယ်ကိုရူးသွပ်ချင်စရာ ကောင်းလှပါတယ်။ သူမဟာ အောင်မြင်တဲ့မော်ဒယ်တစ် ဦးဖြစ်သလို ပရိတ်သတ် အားပေး မှု အပြည့်အဝရရှိထားတဲ့ အနုပညာရှင် တစ်ဦးလည်း ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သူမ ရဲ့ စွဲမက်ဖွယ်ပုံစံလေးကြောင့် ပရိတ်သတ်တွေက ပိုမိုအား ပေးချစ်ခင်ခြင်းကို ခံရတဲ့ ချစ်စဖွယ်တိုင်းရင်းသူမော်ဒယ်လေး ပါပဲ။

သူမရဲ့ ပွဲတက်ဖက်ရှင်ကတော့ အနီရာင်ပွဲတက်ဂါဝန်ရှည်ကို အလှပဆုံးဝတ်ဆင်ထားပြီး အမိုက်စား ပုံရိပ်တွေကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သူမရဲ့ ပုံစံ လေးတွေကြောင့် ပရိတ်သတ်အများစု ဝန်းရံခံရတဲ့ Celebrity တွေထဲမှာ တစ်ယောက် အပါ အဝင်ပါဖြစ်နေပါတယ်။ သူမပါဝင်သရုပ်ဆောင်ထားတဲ့ ဝေလရဲ့ သီချင်း MTV ဟာလည်း ပရိတ်သတ်အကြိုက်တွေထဲကတစ်ခုပါပဲ။

သူမရဲ့ပွဲတက်ဖက်ရှင်တွေကို " နီရဲတောက်ပ ကေသီ့အလှ ဟုတ်တယ်မလား မောင် " ဆိုပြီး ခပ်နွဲ့နွဲ့လေးရေးတင်ထားတာဖြစ်ပါတယ်။ ပြောစရာမလိုအောင်လှပလွန်းတဲ့ သူမရဲ့ ပွဲတက် ဖက်ရှင်ပုံရိပ်တွေက ပရိတ်သတ်တွေရဲ့အချစ်ကိုပိုမိုဆွဲဆောင်လိုက်သလိုပါပဲ။ တကယ် ကိုလှပလွန်းတဲ့ တိုင်းရင်းသူလေး Mဆိုင်းလုရဲ့ Real Fitness ငါးနှစ်ပြည့်ပွဲတက်ရောက်ခဲ့တဲ့ ပုံရိပ်တွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo – M Seng Lu’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။