အချစ်ရေးဆိုတဲ့အတိုင်းပဲ ပျော်ရွင်စရာတွေရှိသလို ဝမ်းနည်းစရာတွေလည်း ရှိတက်ပါ တယ်။ ဒါပေမယ့် အရေးအကြီးဆုံးဖြစ်တဲ့ နားလည်မှုနဲ့ ယုံကြည်မှုရှိနေမယ်ဆိုရင်တော့ ဖောက်ပြန်မှုဆိုတာ ဘယ်တော့မှ ရှိလာမှာမဟုတ်ပါဘူး။

ဒါဆို ဘာအတွက်ကြောင့် ဖောက်ပြန်ကြတာလဲ ?

(၁) ဂရုစိုက်မှုမရှိတာ ။

ချစ်ရသူဆီက ဂရုစိုက်မှုမရတော့တဲ့အခါ တခြားသူဆီက ဂရုစိုက်မှုလေးနည်းနည်းလောက် ရတာနဲ့ ယိမ်းယိုင်သွားချင်တဲ့ စိတ်ဖြစ်ပေါ်တက်ပါတယ်။

(၂) အလှအပကို မက်မောတာ ။

အလှမကြိုက်တဲ့သူ ဘယ်သူရှိမှာလဲ ? အလှအပ မက်မောတယ်ဆိုတာထက် အချစ်စိတ် ဆိုတာ သိပ်မပါတာကြောင့် လူတစ်ယောက်ကို ကြာရှည်စွာမြင်ရတဲ့အခါ ငြီးငွေ့သွားတက်ကြတာပါ ။ဒီအတွက် အပြောင်းအလဲတွေလုပ်ချင်လာတာပေါ့ ။

(၃) ဆန့်ကျင်ဘက်တွေ များလာတဲ့အခါ ။

ချစ်စ ကြိုက်စတုန်းကတော့ ဒီအရာက ပြသာနာတစ်ခုလို့မဆိုနိုင်ပေမယ့် အချိန်တွေကြာ လာတဲ့အခါမှာ အပစ်တွေအနေနဲ့ တစ်ဦးနဲ့ တစ်ဦးကြားမှာ ပြောင်းလဲလာနိုင်လို့ပါ။

(၄) အချိန်တွေမပေးနိုင်တော့ အခါ ။

အတူသွား အတူစားဖို့ အချိန်တွေမပေးနိုင်တော့လောက်အောင် လုပ်စရာတွေများနေပြီး တစ်ဖက်ကလည်း တောင်းဆိုမှုတွေမလုပ်ချင်လာတဲ့ အခါ သူမပါလဲ ဖြစ်တယ်ဆိုတဲ့ အသုံးအနှုန်းကြား စိမ်းကားမှုတွေ ပါလာတက်ပါတယ် ။

ဒီအချက်တွေက အဓိကကျတဲ့အချက်တွေဖြစ်ပြီး တခြားသောပြသာနာလေးတွေလဲ ရှိပါသေးတယ်။ အရေးကြီးတာကတော့ တစ်ဦးနဲ့တစ်ဦးကြား နားလည်မှုရှိရှိနဲ့ လက်တွဲဖို့ပါပဲ ။

Source - Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။