လတ်တလောမှာ ရုပ်ရှင် ဆိုတာနဲ့ သွားမြင်ယောင်ရလောက်တဲ့ထိ ပရိတ်သတ်တွေကြားရေပန်းစား နာမည်ကြီးနေတဲ့ ဇာတ်ကားလေးတစ်ကားကတော့

ဥပါယ်တံမျဉ်ပါ ။ အဆိုပါဇာတ်ကားလေးကို အစမှာတော့ သက်မွန်မြင့်ကလွဲ ကျန်သရုပ်ဆောင်များက မျက်နှာသစ်များမို့ ရုံတင်ခွင့်နှောင့်နှေးကြန့်ကြာမှုအချို ့နဲ့ ရင်ဆိုင်ခဲ့ရပေမယ့် တကယ်တမ်းရုံတင်ခွင့်ရစဉ်မှာ စတင်ရုံစဉ်ထဲက ခုချိန်ထိ ကြည့်ရှုမှုနှုန်းအရကောင်းမွန်လို့ ရုပ်ရှင်ရုံမှာ လေးပါတ်ဆက်တိုက် တင်ခွင့်ရရှိထားပြီးဖြစ်ပါတယ် ။

ပရိတ်သတ်များရဲ့ ချီးကျူးအားပေးမှုတွေကို ရရှိခဲ့တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ခဲ့ပါတယ် ။

ဒီဇာတ်ကားထဲက သရုပ်ဆောင်မင်းသား ဇာဏ်ခီကိုလည်း အားပေးသူပရိတ်သတ်များ အခိုင်အမာ ရှိလာခဲ့တဲ့ အပြင် ဇာတ်ကားကို သရုပ်ဖော်ခဲ့တဲ့ ဒါရိုက်တာ ခရစ်စတီးနားခီကိုလည်း

တကယ်တော်တဲ့ အမျိုးသမီး ဒါရိုက်တာတစ်ယောက်အဖြစ် ပရိတ်သတ်တွေ လက်ခံလာခဲ့ကြပါတယ် ။ ဒါရိုက်တာနဲ့ မင်းသားက အပြင်မှာ အိမ်ထောင်ဘက်တွေဆိုတာကိုလည်း တော်တော်များများသိပြီးကြပြီဖြစ်မှာပါ ။ 

သားလေးတစ်ယောက်ပါ ပိုင်ဆိုင်ထားတဲ့ သူတို့နှစ်ယောက်ကတော့ ၀ါသနာတူ အနုပညာအလုပ်တွေကို တက်ညီလက်ညီလုပ်ဆောင်နေသူတစ်ဦးပါ ။ ဒီလို တက်ညီလက်ညီလုပ်ဆောင်နေကြတာဟာ ယခုမှမဟုတ်ဘဲ ဟိုးအရင်ထဲကဆိုတာ MTV Video File လေးတစ်ခုက သက်သေပြလို့နေပါတယ် ။ မင်းသား ဇာဏ်ခီဟာ သရုပ်ဆောင်ကောင်းရုံမက အဆိုလဲတော်သူပါ ။ သူသီဆိုထားတဲ့ သီချင်းတစ်ပုဒ်ကို ဇနီးသည် ဒါရိုက်တာ ခရစ်စတီးနားခီနဲ့ အတူ စုံတွဲ သရုပ်ဆောင်ထားတာရှိပါတယ် ။ အဆိုပါ MTV လေးကိုလည်း ခရစ်စတီးနားခီကိုယ်တိုင် ဒါရိုက်တာလုပ်ပြီးရိုက်ကူးခဲ့တာပါ ။ ဒီ video လေးဟာ ခုရက်ပိုင်းမှာ အွန်လိုင်းမှာ ပျံလာခဲ့တာမို့ ဥပါယ်တံမျဉ်ပရိတ်သတ်တွေ အတွက် တစ်ဆင့်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ... 

သတင်းအရင်းမြစ် News Lodge and christina kyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။