ပရိတ်သတ်တွေရဲ့ရင်ထဲကို ice-cream ဆိုတဲ့ရေခဲမုန့်လေးကိုင်ဆောင်ပြီးဝင်ရောက်လာခဲ့တဲ့ တေးသံရှင်ဇေရဲကတော့ အောင်မြင်မှုမှတ်တိုင်လေးတွေများစွားစိုက်ထူထားနိုင်တဲ့အဆိုတော်တစ်ဦးဖြစ်ပါတယ်။အနေမနီးပေမယ့် စိတ်ချင်းအမြဲတမ်းနီးကပ်နေတဲ့ပရိတ်သတ်တွေအတွက်လဲ Hero ဆိုတဲ့အခွေသစ်လေးကို ပရိတ်သတ်တွေလက်ထဲ ထည့်ပေးဖို့ကြိုးစားနေတဲ့သူလေးလဲဖြစ်ပါတယ်။ သိပ်မကြာသေးခင်အချိန်လေးကစပြီးတော့ online ကနေပြန့်နှံ့လာတဲ့ ဇေရဲ့သတင်းလေးတစ်ခုကလဲ လူအများအရမ်းစိတ်ဝင်စားနေကြတဲ့သတင်းလေးတစ်ခုလဲဖြစ်ပါတယ်။

Online မှာပြန့်နှံ့လာတဲ့ ဓာတ်ပုံအချို့နဲ့ စာသားလေးတွေကြောင့် ပရိတ်သတ်တွေက ဇေရဲကို ယောကျာ်းချင်းကြိုက်နေတယ်ဆိုပြီး ထင်မှတ်ထားတာဖြစ်ပါတယ်။ ဇေရဲအနေနဲ့လဲ ထိုကိစ္စနဲ့ပတ်သတ်ပြီး တစ်စုံတစ်ရာဖြေရှင်းခဲ့ခြင်းမရှိပေမယ့် အခုတော့ဖြေရှင်းချက်စကားလေးတွေပြောကြားလာခဲ့ပါပြီ။သူ့အနေနဲ့ ပရိတ်သတ်တွေအားလုံး မိတ်ဆွေ ၊မိသားစုအားလုံးကိုပြောချင်တာကတော့ ထိုကိစ္စလေးတွေကို မျက်လုံးနဲ့ပဲကြည့်ပြီး ရင်ဘတ်နဲ့ခံစားပေးဖို့ပြောကြားလာခဲ့ပါတယ်။

ထိုကိစ္စလေးကို အရမ်းကြီးအဆင့်တွေကျော်ကျော်မကြည့်ပဲ တဖြေးဖြေးချင်းရင်ဘတ်နဲ့ခံစားပြီး ရင်ခုန်သံလေးတွေမျှဝေတာ ကောင်းမယ်လို့လဲပြောကြားခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်အနေနဲ့တော့ သက်ရှိတွေအားလုံးချစ်ခွင့်ရှိနေတဲ့အတွက် ထိုအခြေအနေလေးတွေကိုလဲလက်မခံနိုင်စရာမရှိဘူးလို့လဲပြောကြားခဲ့ပါသေးတယ်။သူ့အနေနဲ့ယခုလိုနေရာတိုင်းကလူတိုင်းချစ်နေကြတဲ့ အချိန်မှာ အရမ်းကြီးအဆင့်ကျော်ပြီးကြည့်တာမကောင်းဘူးလို့လဲပြောကြားခဲ့တာဖြစ်ပါတယ်။

source - Sunday Journal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။