ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ်ကစားသမား လူကာမိုဒရစ်ဟာ အသင်းဟောင်း စပါးအသင်းနဲ့ပတ်သတ်ပြီး ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။သူဟာ စပါးအသင်းနဲ့အတူ ဆုဖလားတစ်လုံးမှ ဆွတ်ခူးနိုင်ခဲ့ခြင်းမရှိတဲ့ အတွက် စိတ်ပျက်နောင်တရမိတယ်လို့ ဖွင့်ဟဝန်ခံခဲ့ပါတယ်။မိုဒရစ်ဟာ စပါးအသင်းမှာ ၄ နှစ်ကြာကစားခဲ့ဖူးတာလည်းဖြစ်ပါတယ်။စပါးအသင်းမှာ အကောင်းဆုံးကစားသမားတစ်ယောက်အဖြစ်သတ်မှတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

မိုဒရစ်ဟာ စပါးအသင်းနဲ့အတူ ပွဲပေါင်း ၁၅၀ ကျော်ကစားပေးခဲ့ပြီး ၂၀၁၂ မှာ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့လာခဲ့တာလည်းဖြစ်ပါတယ်။မိုဒရစ်ဟာ စပါးအသင်းရဲ့ပွဲတွေကို ကြည့်ရှုအားပေးရတာ ကြိုက်နှစ်သက်တယ်လို့ဖွင့်ဟခဲ့ပြီး စပါးအသင်းရဲ့ တိုးတတ်လာမှုကိုလည်း ဝမ်းသာပါတယ်လို့ဖွင့်ဟခဲ့ပါတယ်။ဒါ့အပြင် လာမယ့်နှစ်တွေမှာ စပါးအသင်းဟာ ပရီးမီးယားလိဂ်ဖလားရနိုင်မယ်လို့ မိုဒရစ်က လုံးဝယုံကြည်ပါတယ်လို့ ဖွင့်ဟခဲ့ပါသေးတယ်။ 

စပါးအသင်းနဲ့ ပတ်သတ်ပြီး မိုဒရစ် ဖွင့်ဟပြောခဲ့တာတွေကတော့ " ကျွန်တော်စပါးအသင်းမှာ ရှိခဲ့တဲ့ အချိန်တွေက တကယ့်ကိုကောင်းမွန်ခဲ့ပါတယ်။ဒါပေမဲ့ စပါးအသင်းနဲ့ ဖလားတစ်လုံးမှ မရရှိခဲ့တာကိုတော့ တကယ်ပဲ စိတ်ပျက်နောင်တရမိပါတယ်။စပါးအသင်းဟာ ကျွန်တော့်ကို အကောင်းဆုံးအခွင့်အရေးပေးခဲ့တဲ့ အသင်းပါ လို့ ဆိုခဲ့ပါတယ်။မိုဒရစ်က ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ပတ်သတ်ပြီး လက်ရှိရလဒ်တွေ ကောင်းမွန်နေခြင်းမရှိတာဟာ ယာယီ သာဖြစ်တယ်လို့ ပြောကြားခဲ့ပါသေးတယ်။ 

source - football cafe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။