တရုတ်နိုင်ငံမှ တိရစ္ဆာန်ဥယျာဉ်တစ်ခုဟာ စပါးအုံးမြွေတွေအတွက် ခွေးပေါက်ကလေးတွေကို မြွေစာအဖြစ်ကျွေးမွေးခဲ့ပါတယ်။အလွန်ရက်စက်တဲ့ဒီလုပ်ရပ်ဟာ တရုတ်ပြည်သူတွေအတွက် ဒေါသဖြစ်စရာဖြစ်ခဲ့ပါတယ်။စပါးအုံးမြွေကြီးအား အစာကျွေးနေတဲ့ ဗီဒီယိုဖိုင်ဟာ တရုတ်နိုင်ငံလူမှုကွန်ယက်မှာ လှုပ်ခပ်ခဲ့ပါတယ်။ ဟီနန် ပြည်နယ်က တိရစ္ဆာန်ရုံတစ်ရုံဟာ စပါးအုံးမြွေတွေကို သူတို့ရဲ့ အစာအဖြစ် ခွေးပေါက်အရှင်လေးတွေ ချကျွေးနေတာကို ပြည်သူတွေက ကန့်ကွက်ကြတာကြောင့် ရပ်တန့်လိုက်ပြီလို့ ဒေသတွင်း မီဒီယာတွေအရ သိရပါတယ်။ပြီးခဲ့တဲ့လက တရုတ်လူမှုမီဒီ ယာပလက်ဖောင်းဖြစ်တဲ့ ဝေဘိုမှာ မြွေထည့်ထားတဲ့ သေတ္တာတစ်လုံးရဲ့ဘေးမှာ ခွေးလေးတစ်ကောင် ထိုင်နေတဲ့ ဗီဒီယိုတစ်ခု ထွက်ပေါ် လာပြီးနောက် သည်ဖြစ်စဉ်ဖြစ်လာခဲ့တာပါ။

သည်ဗီဒီယိုကို တင်သူကပဲ နောက်ထပ်စပါးအုံးတစ်ကောင်က သေနေပြီလို့ ယူဆရတဲ့ ခွေးက လေးတစ်ကောင်ကို ရစ်ပစ်ထားတဲ့ ပုံတွေကိုလည်း လူမှုမီဒီယာပေါ်တင်ခဲ့ပါတယ်။ သည်စပါးအုံး ခန္ဓာကိုယ်မှာ ခွေးကလေးအရွယ် အဖုများစွာ ရှိနေတာကိုလည်း သည် ဓာတ်ပုံထဲမှာ တွေ့ရပါတယ်။

တိရစ္ဆာန်အခွင့်အရေးအဖွဲ့ PETA အာရှက သည်ဗီဒီယိုနဲ့ ဓာတ်ပုံတွေကို သူတို့ရဲ့ ဝေဘိုစာ မျက်နှာမှာ ကြာသပတေးနေ့က တင်ခဲ့ပြီး အင်တာနက်အသုံးပြုသူ တွေရဲ့ ဒေါသထွက်တဲ့ မှတ်ချက်တွေနဲ့ ပြည့်နေခဲ့ပါတယ်။ 

“သူတို့ ဘယ်လိုများ လုပ်ရက် ကြတာလဲ၊ အရမ်းရက်စက်တယ်”လို့ ဝေဘိုအသုံးပြုသူတစ်ဦးက ရေးသားခဲ့ပါတယ်။ တခြားတစ် ယောက်ကတော့ တိရစ္ဆာန်ရုံကို ဒဏ်ငွေရိုက်ဖို့ တောင်းဆိုထားပါတယ်။

တာဝန်ကျအလုပ်သမားတစ်ဦးက သည်မြွေတွေကို အစာအဖြစ် ခွေးလေးတွေ ကျွေးရတယ်လို့ ပင်ဒင်ရှန်မြို့ရှိ Riverside Zooက ဝန်ထမ်းတစ်ဦးက အတည်ပြု ပြောကြားခဲ့တာကို တနင်္ဂနွေနေ့က ဖြန့်ချိတဲ့ ဘေဂျင်းမောနင်းပို့စ် မှာ ဖော်ပြထားပါတယ်။ 

source - kumudra

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။