ဖေဖော်ဝါရီ ၅ ရက်က စတင်ပြီး မြို့တော်ဒမတ်စကပ်အနီးက တစ်ခုတည်းသော အတိုက်အခံမြေဖြစ်နေသည့် အရှေ့ပိုင်းဂေါ့တာနယ်မြေကို ဆီးရီးယားအစိုးရတပ်များက ပြင်းထန်သည့် လေကြောင်းထိုးစစ်များ စတင်ဆင်နွှဲခဲ့တာလည်းဖြစ်ပါတယ်။ပထမဆုံးစတင်တိုက်ခိုက်တဲ့နေ့မှာ အရပ်သား ၂၈ ဦးခန့်သေဆုံးခဲ့ရတာလည်းဖြစ်ပါတယ်။ယခုလေးရက်မြောက်မှာတော့ သေဆုံးသူ အရပ်သားဦးရေမှာ ၂၀၀ ကျော် ရှိခဲ့ပြီလည်းဖြစ်ပါတယ်။

ဒဏ်ရာရလူနာများအား ကုသပြုစုပေးနေရာ ဒေသဆေးခန်းတစ်ခန်းမှ စိတ်ထိခိုက်ခံစားနေရသည့် ဆရာဝန် ဟမ်ဇာက “အရှေ့ပိုင်းဂေါ့တာမှာ ကြုံရတဲ့ အဆိုးဝါးဆုံး ရက်လေးရက်ပါပဲ။၂၀၁၁ ကနေ ခုထိ ကျွန်တော် မျက်စိရှေ့မှာ ခုလို လေးရက်တာ ၉၆ နာရီအတွင်း ဗုံးကြဲတိုက်ခိုက်မှုတွေ ပြင်းထန်ဆိုးဝါးတာမျိုး တစ်ခါမှ မမြင်ခဲ့ဘူးသေးပါ။ဒါ့အပြင် ကျည်ရှပ်မှန်ကာ ဆေးခန်းရောက်လာတဲ့ ကလေးငယ်များက ဒဏ်ရာဆိုးဆိုးဝါးဝါး ရထားသော်လည်း အသံတစ်ချက် မထွက်ဘဲ နှုတ်ပိတ်ကာ ထိုင်ငေးငိုင်နေသည်ကို သူ့မျက်စိရှေ့ မြင်တွေ့ရတာဖြစ်တယ်လို့ " ဆိုခဲ့ပါတယ်။

ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ထုတ်ပြန်ချက်တွင် ဖေဖော်ဝါရီ ၈ ရက်က ဗုံးကြဲတိုက်ခိုက်မှုများ တစ်ရက်အတွင်းမှာ ကလေး ၁၅ ဦး အပါအဝင် အရပ်သား ၅၈ ဦး သေဆုံးသည်ဟု သိရပါတယ်။ထိုဒေသမှာ လူပေါင်း ၄ သိန်းခန့် ခိုလှုံနေထိုင်လျက်ရှိနေတာလည်းဖြစ်ပါတယ်။ထိုဒေသကို အစိုးရကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့တာလည်းဖြစ်ပါတယ်။ဆီးရီးယားနိုင်ငံ အတွင်းမှာ ၇ နှစ်ကျော်ကြာအောင်ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်ရန်ကြိုးပမ်းနေတာကြောင့် အစိုးရစစ်တပ်က မကြာခဏတိုက်ခိုက်မှုတွေ ပြုလုပ်နေတာလည်းဖြစ်ပါတယ်။ 

source - mizzima - new in burmese

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။