မင်းသမီးရွှေမှုံရတီတစ်ယောက်ကတော့ သူမရဲ့ ချစ်သူမောင်ကို အရမ်းချစ်တဲ့ အကြောင်းလေးတွေ ဖွင့်ဟလာပါတယ်..။

အချစ်ရေးနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းနဲ့ အမြဲ ဖွင့်ဟပြောပြတတ်တဲ့ သူမကတော့ ယနေ့ ဖေဖော်ဝါရီ(၉)ရက်နေ့မှာလည်း သူမရဲ့ ချစ်သူမောင်ကိုဘယ်လောက်ထိ မြတ်မြတ်နိုးနိုးနဲ့ ချစ်တဲ့အကြောင်းကို ရေးသားပြောပြထားတာ တွေ့ရပါတယ်..။

“စကားလေး တစ်ခွန်းကိုမြတ်မြတ်နိုးနိုး နဲ့သူ့မျက်နှာမြင်တိုင်း သူ့အပြုံးလေးတွေမြင်တိုင်း သူ့အလိုလို ပြောမိသွားတာက

အရမ်းချစ်တယ်သိလားမောင်ရယ် တဲ့..” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်..။

ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကလည်း သူမရဲ့ချစ်သူမောင်က PATEK PHILIPPE အမှတ်တံဆိပ်ဖြစ်တဲ့ နာရီ Surprise လက်ဆောင်လေးကြောင့်လည်း ဝမ်းသာမျက်ရည်ကျတဲ့အထိ ပျော်ရွှင်ခဲ့ရပါသေးတယ်..။

မင်းသမီးချောလေး ရွှေမှုံတီကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ထားသလို ပွင့်လင်းပြီး ချစ်စရာကောင်းတဲ့ ဟန်ပန်အမူအရာတွေနဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့်လည်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အခိုင်အမာရရှိထားတာလည်း ဖြစ်ပါတယ်..။

လတ်တလော အနုပညာလှုပ်ရှားမှုတွေကတော့ ကြော်ငြာများရိုက်ကူးနေပြီး မဂ္ဂဇင်း၊ ဓာတ်ပုံကြော်ငြာများလည်း ရိုက်ကူးပေးနေကာ ဇာတ်ကားတွေလည်း ဆက်တိုက်ရိုက်ကူးနေတာ တွေ့ရပါတယ်..။

Source - ရွှေမှုံရတီ fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။