ဘရာဇီးနိုင်ငံမှာ Yellow Fever ဖြစ်ပွားမှုကြောင့် သေဆုံးသူအရအတွက်ဟာ မြင့်တတ်လာခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယမြောက် လူဦးရေအထူထပ်ဆုံးပြည်နယ်ဖြစ်တဲ့ Minas Gerais ပြည်နယ်မှာ ဖြစ်ပွားနေလျက်ရှိနေတာလည်းဖြစ်ပါတယ်။ဇန်နဝါရီလ ၃၀ ရက်က သေဆုံးသူ လူဦးရေအရေအတွက်ဟာ ၂၅ ယောက်ထိရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၆ ရက်မှာတော့ သေဆုံးသူအရေအတွက်ဟာ ၆၁ ဦးအထိ ရှိလာခဲ့တာလည်းဖြစ်ပါတယ်။

ပြည်နယ်ကျန်းမာရေးဋ္ဌာန၏ ထုတ်ပြန်ချက်အရ Yellow Fever ဖြစ်ပွားသူ ၁၆၄ ဦးရှိခဲ့ကြောင်း၊ အမျိုးသား ၁၅၁ ဦးနှင့် အမျိုးသမီး ၁၃ ဦးဖြစ်ကြောင်း အတည်ပြုခဲ့တာလည်းဖြစ်ပါတယ်။အဖျားရောဂါဖြစ်ပွားသူမှာ စုစုပေါင်း ၃၀၁ ဦးရှိတယ်လို့ စစ်ဆေးတွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။ 

ယခုချိန်အထိ ထို ရောဂါကို ကာကွယ်ဖို့အတွက် လူထုအကြားမှာ ကာကွယ်ဆေး လိုက်လံထိုးနှံပေးခြင်းမရှိသေးတာလည်းဖြစ်ပါတယ်။Yellow Fever ဟာ Haemagogus နှင့် Sabethes အမျိုးအစား ခြင်များကြောင့် ကူးစက်ပျံ့နှံ့ခဲ့ခြင်းဖြစ်ပါတယ်။

source - china xinhua news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။