တေးသွားလှလှ လေးတွေဖန်တီးရေးသားတက်တဲ့ အဆိုတော် ပိုပိုကို ပရိသတ်များ ကြိုက်မယ်ထင်ပါတယ်။ တေးသီချင်း ရေးစပ်ရာတော် တော်ရုံသာမက အသံပါကောင်း သဖြင့် ပရိသတ်အသည်းစွဲတစ်ယောက်ဖြစ်နေတာ ထင်ပါတယ်။ အဆိုတော် ပိုပိုဟာ လာမည့် Valentines Day အတွက် ချစ်ပရိသတ်ကြီးကို သူမရဲ့ တေးသီချင်းအသစ်လေးကို မိတ်ဆက်လိုက်ပါတယ်။

သူမ လက်ဆောင်ပေးခဲ့တဲ့ သီချင်းလေးကတော့ Merry Me MTV သီချင်းလေးပဲ ဖြစ်ပါတယ်။ အဆိုပါ သီချင်းနဲ့ ပတ်သက်ပြီး ယခင်က အလင်းရောင်နဲ့ ကောလဟာလ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ သီချင်းလေးကို ပရိသတ်ကြီးအတွက် မျှဝေထားတာပဲဖြစ်ပါတယ်။ အဆိုတော် ပိုပိုဟာ လာမည့် ချစ်သူများနေ့ရဲ့ ပျော်ရွှင်စရာ နေ့လေးတစ်နေ့ကို သူမရဲ့ ကြည်နူးစရာ သီချင်းလေးနဲ့ ကြိုတင် မျှဝေခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။ ပရိသတ်များအတွက် လည်း " Valentines Day နီးလာတော့ ချစ်သူတွေ အတွက် Marry Me" ဟူ၍ ရေးသားပေးခဲ့တာ တွေ့ရပါတယ်။

ကဲ ပရိသတ်ကြီးရေ! ပရိသတ်များရဲ့ အချစ်တော် တေးသံရှင်ပိုပိုကတော့ သူမချစ်တဲ့ ပရိသတ်ကြီးအတွက် ချစ်သူများနေ့ ကြိုတင်လက်ဆောင်လေးပေးလိုက်ပါပြီနော်။ ချစ်သူများနေ့ရဲ့ အထိမ်းအမှတ် နေ့ဖြစ်တဲ့ ပရိသတ်ကြီးကရော ပိုပိုအတွက် ပြန်လည်လက်ဆောင်စကားလေး ပါးလိုက်ပါအုန်းနော်။ ပရိသတ်ကြီး အတွက် Merry Me MTV သီချင်းလေးနဲ့ အတူမျှဝေပေးလိုက်ပါတယ်။

Source - ပိုပို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။