တခြားကိစ္စတွေကို မစဉ်းစားပဲ ချစ်သူနဲ့နှစ်ဦးတည်းသီးသန့် ခရီးတိုလေးတစ်ခုလောက် မဖြစ်မနေ ထွက်ကြည့်လိုက်ပါ။

ခရီးထွက်တာဟာ တနှစ်ပတ်လုံးရဲ့ ပင်ပန်းနွမ်းနယ်မှုတွေ မွန်းကြပ်မှုတွေရဲ့ အကောင်းဆုံး စိတ်ထွက်ပေါက် တစ်ခုပါ။ ဒီလိုခရီးကိုချစ်သူနဲ့အတူတူ သွားမယ်ဆိုတော့ ဒီလောက်ပျော်စရာကောင်းတဲ့ အချိန် ဘယ်မှာများရှိတော့မှာလဲနော် ။

ကဲ…ဒါဆိုကြည့်ကြရအောင် !

(၁) ပုဂံ

မြန်မာနိုင်ငံသားမှန်ရင် ပုဂံကိုရောက်ဖူးရမယ် ဆိုတဲ့ စကားလေးလည်းရှိတယ်လေ။ ပုဂံဘုရားတွေဖူးပြီး နေဝင်/နေထွက် ဆည်းဆာအလှတွေကို ချစ်ရသူနဲ့တူတူကြည့်ကြမယ် ။အကျီလေးတွေဆင်တူဝတ်ပြီး အမှတ်တရဓာတ်ပုံကလေးတွေ ရိုက်လို့လဲ ရသေးတယ်။

(၂) ကလော

ချစ်သူနဲ့ အေးဆေးနေချင်ပြီး အနားယူဖို့ စဉ်းစားထားတယ်ဆိုရင်တော့ ကလေကိုရွေး ချယ်လိုက်ပါ။

သဘာဝတောတောင်အလှတွေကို တူတူခံစားနိုင်ပြီး မမေ့နိုင်တဲ့အမှတ်တရလေးတွေကို ဖန်တီးနိုင်ပါတယ်။

(၃) ပြင်ဦးလွင်

့ပန်းမျိုးစေ့ပေါင်း သန်းပေါင်းများစွာရှိတဲ့ ပန်းမြို့တော်ကိုလည်း ချစ်သူနဲ့အတူ တခါလောက်တော့ သွားလိုက်ပါ။ ချမ်းအေးတဲ့ရာသီဥတုလေးအောက်မှာ ချစ်သူနဲ့အတူ တခါလောက်တော့ ရိုမန်တစ်ဆန်ကြည့်လိုက်ပါ။

(၄) ကရင်ပြည်နယ်

ကရင်ပြည်နယ်ကတော့ လတ်တလောမှာ လည်ပတ်သူအများဆုံးရှိနေတဲ့ နေရာတစ်နေရာဆိုလဲ မှန်ပါတယ်။ တိမ်တွေကို အနီးကပ်ကြည့်ရှုရင်း ဘုရားတွေကိုလည်းဖူးမျှော်နိုင်ပြီး အချိန်အများကြီးလဲ မပေးရတာမို့ သွားကြည့်လိုက်ပါနော် ။

(၅) ကမ်းခြေ

ချစ်သူနဲ့အတူ ကမ်းခြေကို မသွားသေးဘူးဆိုရင်တော့ ခေတ်နောက်ကျနေပြီနော် ။

ပင်လယ်ကြီးရဲ့ လှပဆန်းကြယ်မှုတွေကိုကြည့်ရင်း နေဝင်ချိန်ညနေခင်းကို ချစ်သူလက် ကလေးဆွဲပြီး စိတ်ကူးယဉ်ဆန်ကြည့်လိုက်ပါ။

ဒီထက်ပျော်စရာကောင်းတဲ့ ခရီးစဉ်တွေအများကြီးရှိပါသေးတယ်။

ဒီနေရာလေးတွေက အေးချမ်းပြီးသာယာတဲ့အပြင် သွားရလာရလွယ်ကူတာမို့ အချိန်မပေးနိုင်တဲ့ ချစ်သူတွေအတွက် အဆင်ပြေမယ်ထင်ပါတယ်နော် ။

ကဲ…..ဒါဆိုပူဆာလိုက်တော့နော် ။

Source - Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။