မယုံနိုင်လောက်အောင် အလွန်တော်လွန်းတဲ့ သူတွေပါ။ရက်စက်ကြမ်းတမ်းတဲ့ ကျားငမန်းတွေဟာ လူတစ်ယောက်ကို စက္ကန့်ပိုင်အတွင်းသေအောင် ကိုက်သတ်နိုင်ပါတယ်။ရေထဲမှာရှိနေတဲ့ မည်သည့်သတ္တဝါမဆို အနိုင်ယူနိုင်တဲ့ ကျားငမန်းတွေကို အယ်လီမာတီနက်ဇ်ဆိုသူက ယဉ်ပါးလာအောင် လုပ်ပြခဲ့ပါတယ်။

ငါးမန်းတွေကို နာမည်ကြီး ရုပ်ရှင်တွေထဲမှာတော့ ထိတ်လန့်ကြောက်ရွံ့စရာကောင်းတဲ့၊ အနုတ်လက္ခဏာဆောင်တဲ့ သဘောနဲ့သာ ရိုက်ကူးတင်ဆက်ပြသလေ့ ရှိတယ်လို့ သူက ပြောပါတယ်။

သူဟာ အရှည် ၁၄ ပေရှိတဲ့ ကျားငါးမန်းမကြီး ဂျန်ကို အပေါ်အောက် ဇောက်ထိုးအနေအထားနဲ့ လှုပ်ရှားဖို့ ညွှန်ကြားခဲ့ပြီး အိမ်မွေးကြောင်ကလေးတကောင်ကို ပွတ်သပ်သလို ဝမ်းဗိုက်ပြင်ကို ပွတ်သပ်ပြခဲ့တာပါ။

ဒီငါးမန်းတွေဟာ လူတွေကို တိုက်ခိုက်ရန်မူတတ်တဲ့ သဘာဝရှိတဲ့ မျိုးစိတ်တွေထဲမှာ ပါဝင်ပေမယ့် သူတို့က စတင်တိုက်ခိုက်တယ် ဆိုတာတော့ ရှားတယ်လို့ အယ်လီက ပြောပါတယ်။

သူတို့က ရန်မူတယ်ဆိုတာထက် လူတွေရဲ့ အမဲလိုက် သတ်ဖြတ်မှုကြောင့်သာ ငါးမန်းတွေအတွက် အန္တရာယ်ရှိလာတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

“ဂျန်နဲ့ ထိတွေ့ရတဲ့ အတွေ့အကြုံအရ ငါးမန်းတွေကြားမှာလည်း တခြားဘက်က အပြန်အလှန် သိနားလည်တာမျိုးက အရေးကြီးပါတယ်။ ကာကွယ်ထိန်းသိမ်းထားတဲ့ သူတို့ကိုလည်း ကျနော်တို့က အလေးထားရပါမယ်။ ရုပ်ရှင်တွေထဲမှာပြသလို ကြမ်းတမ်းရက်စက်တဲ့ သတ္တဝါတွေအဖြစ် တင်ပြမှုတွေဟာ ကာကွယ်ထိန်းသိမ်းရေးမှာ ခက်ခဲစေပါတယ်။ ငါးမန်းတွေအကြောင်း လူတွေ နားလည်လာလေလေ သူတို့ရဲ့ ရှင်သန်နေထိုင်မှု အခွင့်အလမ်း ပိုမိုကောင်းမွန်လာလေလေပါပဲ” လို့ အယ်လီမာတီနက်ဇ်က ပြောပါတယ်။ 

source - DVB tv news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။