တစ်ချိန်က တီဗွီဖန်သားပြင်ပေါ်မှာ စိုးမိုးခဲ့တဲ့ ကြော်ငြာဘုရင်မ ဆိုရင်တော့ ထိပ်တန်းမင်းသမီး ထက်ထက်မိုးဦးကိုသာ မျက်မှန်းတန်းမိကြပါတယ်။

လက်ရှိအချိန်ထိ အနုပညာသက်တမ်းဆယ်စုနှစ်တစ်ခုကျော်လာတဲ့ ထက်ထက် ဟာ ပြည်သူ့အချစ်တော်မင်းသမီးတစ်လက်အဖြစ် ရပ်တည်နေဆဲပါပဲ။

မိုးကုတ်ဇာတိဖြစ်တဲ့ ထက်ထက်ကို မေလ(၈)ရက်နေ့ (၁၉၇၁)ခုနှစ်က မန္တလေးတိုင်း မိုးကုတ်မြို့မှာ မွေးဖွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။

(၁၉၉၆)ခုနှစ် နဲ့ (၂၀၀၀)ပြည့်နှစ်မှာ အကောင်းဆုံးဇာတ်ဆောင်မင်းသမီးဆုအကယ်ဒမီဆုတေ ွဆွတ်ခူးခဲ့တာမို့ သရုပ်ဆောင်ပိုင်းမှာတော့ အပြစ်ပြောစရာမရှိအောင် သဏ္ဍန်လုပ်သရုပ်တူတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

အသက်(၄၆)နှစ်အရွယ်ရှိနေပေမယ့်လည်း နှစ်ဆယ်ကျော်လေးတွေလို နုပျိုလှပနေဆဲဖြစ်တာမို့ အနုပညာလှုပ်ရှားမှုတွေလုပ်နေရတုန်းပါပဲ။

အိမ်ထောင်ရေးကံမကောင်းခဲ့တဲ့ ထက်ထက်ဟာ (၂၀၁၀)ခုနှစ်မှာ မော်ဒယ်သရုပ်ဆောင် စိုင်းလွှမ်းနဲ့ လက်ထပ်ခဲ့ပြီး သမီးလေးတစ်ယောက်မွေးဖွားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ သမီးဖြစ်သူစစ်လွန်းဝတီထက် နဲ့အတူ ကြော်ငြာတွေဆက်တိုက်ရိုက်ကူးခဲ့ရပြီး သမီးလေးကလည်း သူမထက်တောင် လူချစ်လူခင်များလာတဲ့ ကလေးတစ်ယောက်ဖြစ်လာပါတယ်။

လက်တလောမှာတော့ အနုပညာအလုပ်တွေပြန်နားထားတဲ့ ထက်ထက်တစ်ယောက် သာသနာ့ဘောင်မှာအေးချမ်းစွာနဲ့ သီလရှင်ဝတ်နေတာဖြစ်ပါတယ်။တစ်ချိန်က ရုပ်ရှင်ဇာတ်ကားတွေတိုင်းမှာ လူကြိုက်များခဲ့သလို ချစ်စရာကောင်းတဲ့သူမရဲ့ ရုပ်ရည်သွင်ပြင်လေးတွေကြောင့် ပန်ပန်ပန် ဆိုတဲ့ ကြော်ငြာလေးမှာစပြီး ရင်ထဲစွဲကျန်နေခဲ့တာပါ။

ပရိသတ်ချစ်တဲ့ ထက်ထက်ရဲ့ ငယ်ဘဝပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ 

Source : Wiki and Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။