စွန်းဝူခုန်းကတော့ ငရဲပြည်တွေနတ်ပြည်တွေမှာသာမက လူ့ပြည်မှာပါစိတ်မြန်ခဲ့တဲ့အတွက် အဖမ်းခံခဲ့ရပါတယ်။ငယ်ငယ်က ရုပ်ရှင်ချစ်ပရိသတ်တွေကို ဖမ်းစားခဲ့တဲ့ စွန်းဝူခုန်းဇာတ်ကားကို လူတိုင်းလူတိုင်း သတိရမယ်ထင်ပါတယ်။သူကတော့ အဝေးပြေးလမ်းမှာ အဖမ်းခံခဲ့ရပါတယ်။

သူတို့ဟာ ပရဟိတဖျော်ဖြေပွဲတစ်ခုကို သွားခဲ့တာဖြစ်ပြီး စွန်းဝူခုန်းဇာတ်ကားထဲက သရုပ်ဆောင်ပုံစံတွေကို ၀တ်ဆင်ပြီးဖျော်ဖြေဖို့အတွက် သွားရောက်ရိုက်ကူးတော့မှာပဲဖြစ်ပါတယ်။

သူတို့လူတစ်စုကတော့ ကားကြီးပေါ်မှာလိုက်ပါစီးနင်းလာခဲ့ပြီး စွန်းဝူခုန်းကတော့ကိုယ်တိုင်မောင်းနှင်လာခဲ့တာဖြစ်ပါတယ်။သူကတော့ အရှိန်ပြင်းစွာမောင်းနှင်လာခဲ့မှုကြောင့် ယာဉ်ထိန်းရဲရဲ့ ဒဏ်ရိုက်ခြင်းကိုခံခဲ့ရပါတယ်။

source - Shwe myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။