ဟောလိ၀ုဒ်ရဲ့ ကမ္ဘာကျော်စုံတွဲလေးဖြစ်တဲ့ အဆိုတော် Justin Bieber နဲ့ Selena Gomez ကတော့ အမြဲလိုလို အမှတ်တရလေးတွေအတူတူ ဖန်တီးဖြစ်တဲ့အချိန်လေးတွေများပါတယ်။

ချစ်သက်တမ်းတွေကြာပြီး ရန်ဖြစ်လိုက်ပြန်ချစ်လိုက် နဲ့ အချစ်စမ်းကြတဲ့ စုံတွဲတစ်တွဲမို့ သူတို့နှစ်ယောက်ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကတော့ စိတ်ဝင်တစားစောင့်ကြည့်နေရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက သူတို့နှစ်ယောက်အတူ ဘုရားကျောင်းတက်ခဲ့တဲ့ ပုံတွေထွက်လာပြီးနောက်မှာတော့ ဖေဖော်ဝါရီလ(၈)ရက်နေ့က ဂျေဘီတစ်ယောက် လော့အင်ဂျလိစ်မှာ မြို့မှာ အပျော်ကြီးပျော်နေတဲ့ပုံတွေထပ်မံပေါ်ထွက်လာခဲ့ပါတယ်။

မီးခိုးရောင်ဝတ်စုံနဲ့ ဘောင်းဘီတို၀တ်ဆင်ထားတဲ့ ဂျေဘီကတော့ ဆလီနာနဲ့ဘုရားကျောင်းသွားပြီးနောက်နေ့မနက်မှာ တက်တက်ကြွကြွနဲ့ လမ်းလျှောက်ထွက်ခဲ့တယ်လို့သိရပါတယ်။ ဒါ့ပြင် ညဘက်မှာတော့ ဆလီနာနဲ့အတူ ကော်ဖီဆိုင်တစ်ခုနားမှာ ချိန်းတွေ့ခဲ့တဲ့ပုံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ 

ဂျေဘီတစ်ယောက် သူ့ရဲ့ ငယ်ချစ်ဟောင်းလေး ဆလီနာနဲ့ရှိနေချိန်ဆိုရင် ပီတိတွေဖြာပြီး ပျော်နေပုံပေါက်ပါတယ်။

ပြီးခဲ့တဲ့ရက်တွေမှာလည်း ဆက်တိုက်အတူတူရှိခဲ့ကြပြီး သူတို့စုံတွဲကတော့ အချစ်တွေတစ်နေ့ထက်တစ်နေ့ပိုလာသလိုပါပဲ။ 

Justjared

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။