နာမည်ကျော်တေးသံရှင်တစ်ဦးဖြစ်တဲ့ ရေဗက္ကာဝင်းတစ်ယောက် သူမရဲ့တေးစီးရီး အသစ်မိတ်ဆက်ပွဲကို ယနေ့ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ အချိန်အနည်းငယ်ကြာမှ ပရိတ် သတ်တွေဆီပြန်လည်ရောက်ရှိလာတာဖြစ်ပြီး အရင်ကနဲ့မတူတဲ့ ပုံစံအသစ်တစ်မျိုးနဲ့ ပြန်လည်ဖျော်ဖြေမှာ ဖြစ်ပါတယ်။ 90 Born တွေကြားမှာ ရေပန်းစားခဲ့တဲ့ အဆိုတော်တစ်ဦး ဖြစ်ပြီး ကျန်တဲ့ပရိတ်သတ်အချစ်တော်အဆိုတော်တွေအများအပြား ပါဝင်ကူညီသီဆိုထား တာပဲဖြစ်ပါတယ်။ ပရိတ်သတ်ရင်ထဲကိုထိုးဖောက်နိုင်မယ့် သံစဉ်လေးတွေပါဝင်မယ်ဆို တာတော့ အသေအချာပါပဲ။

အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ ပရိတ်သတ်တွေနဲ့ဝေးကွာသွားတဲ့ သူမကတော့ ယနေ့မှာ ပရိတ်သတ်တွေကို သံစဉ်အသစ်လေးတွေနဲ့ ပြန်လည်ဖမ်းစားတော့မှာပဲဖြစ်ပါတယ်။ အဆိုပိုင်းမှာတင်မက သရုပ်ဆောင်ပိုင်းမှာပါ သူမကထူးချွန်သူတစ်ဦးပါပဲ။ ရုပ်ရှင် ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့ပြီး ပရိတ်သတ်တွေရဲ့အချစ်ကို အပြည့်အဝရယူနိုင်ခဲ့တဲ့ ချစ်စဖွယ်တိုင်းရင်းသူလေးတစ်ဦးပါပဲ။ အရင်ကလိုပဲ လှပမှုတွေနဲ့ ချစ်စရာကောင်းနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကတော့ အမြဲတမ်းဆွဲဆောင်မှုအပြည့်ပါပဲ။

သူမရဲ့မိတ်ဆက်ပွဲအခမ်းအနားလေးကို Camera မှတ်တမ်းတင်ပေးသူလေးကတော့ အားလုံးရဲ့အချစ်တော် အဆိုတော်အိမ့်ချစ်ပဲဖြစ်ပါတယ်။ 90 Born တွေကြားမှာရေပန်းစား ခဲ့တဲ့ အဆိုတော် ခင်ဘုဏ်း၊ရွှေထိုက် စတဲ့အဆိုတော်တွေကလည်း အခမ်းအနားကို တက် ရောက်ချီးမြင့်ခဲ့ကြပါတယ်။ ပရိတ်သတ်တွေရဲ့တချိန်ကအချစ်တော်လေး ရေဗက္ကာဝင်းရဲ့ စွဲမက်ဖွယ်သံစဉ်တွေကို မကြာခင်မှာပြန်လည်နားဆင်ရတော့မှာဖြစ်ပါတယ်။ ဒီအခွေလေး ထွက်လာရင်လည်း ပရိတ်သတ်ကြီးအားပေးလိုက်ကြပါဦးနော်။

Photo - Eint Chit's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။