သခွားသီးရဲ့ ကောင်းကျိုးများစွာ ရှိသလိုပဲ သခွားသီး ဖျော်ရည်မှာလည်း ကောင်းကျိုးများစွာ ရှိပါတယ်။ အများစုကတော့ မနက်စာကို ကော်ဖီ၊ လက်ဖက်ရည် သောက်သုံးတတ်ကြပါတယ်။ တစ်ချို့ကလည်း ဖျော်ရည် တစ်ခုခု သောက်တတ်ကြပါတယ်။ ဒါ့ပေမယ့် သခွားသီး ဖျော်ရည်ကိုမှ ဘာလို့ သောက်သင့်လဲဆိုတဲ့ အကြောင်းပြချက် များစွာ ရှိပါတယ်။ ဖော်ပြပါ အကျိုးကျေးဇူးများကို သိရှိပြီးပြီ ဆိုရင်တော့ သင့်အနေနဲ့ သခွားသီး ဖျော်ရည်ကိုပဲ မနက်တိုင်း သောက်သုံးတော့မှာ အသေအချာပါပဲ။

၁။ အဆိပ်အတောက်ပြေစေတယ်

သခွားသီးရေဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ပြေစေပါတယ်။ ခန္ဓာကိုယ်တွင်း သန့်ရှင်းစင်ကြယ်စေဖို့ အတွက် သခွားသီး ဖျော်ရည် (detox water) ကို သောက်ပေးသင့်ပါတယ်။

၂။ အသားအရေတောက်ပစေတယ်

သခွားသီးရေကိုသာ ပုံမှန်သောက်ပေးမယ်ဆိုရင် ဝင်းလဲ့တောက်ပပြီး ချောမွေ့တဲ့ အသားအရေလေးကို ရရှိပိုင်ဆိုင်နိုင်စေမှာပဲ ဖြစ်ပါတယ်။ နောက်ပြီး သခွားသီးမှာပါဝင်တဲ့ ဆီလီကာဒြပ်ပေါင်းဟာ ဝက်ခြံနဲ့ အမဲစက်တွေကို သက်သာပျောက်ကင်းစေပါတယ်။

၃။ ကြွက်သားတွေကို သန်မာစေတယ်

သခွားသီးရေကို ပုံမှန်သောက်သုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်ကြွက်သားတွေကိုလည်း ပိုမိုသန်မာစေပါတယ်။

၄။ လန်းဆန်းစေတယ်

သခွားသီးဖျော်ရည်က စိတ်ရော ကိုယ်ပါ လန်းဆန်းမှုကို ဖြစ်စေပါတယ်။ ပိုမိုလန်းဆန်း ဖျတ်လတ်လာပြီး ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကလည်း သိသိသာသာ ပိုမိုကောင်းမွန်လာမှာပဲ ဖြစ်ပါတယ်။

၅။ ခံတွင်းနံ့ဆိုးကို ကောင်းမွန်စေတယ်

ခံတွင်းနံ့ ဆိုးခြင်းကို ပယ်ဖျောက်ဖို့အတွက် သခွားသီးဖျော်ရည်က အကောင်းဆုံးပဲ ဖြစ်ပါတယ်။ သခွားသီး ဖျော်ရည်ကို တစ်ခွက် သောက်ပြီး သခွားသီးစိပ် တစ်စိပ်ကို လျှာပေါ်မှာ တင်ထားပေးခြင်းဖြင့် ခံတွင်းနံ့ဆိုးတွေကို တိုက်ထုတ်နိုင်ပါတယ်။ ဒီနည်းလမ်းက အစာအိမ်ထဲမှာ ရှိတဲ့ အပူတွေကိုလည်း ထွက်စေပါတယ်။

၆။ Vitamins ကြွယ်ဝတယ်

သခွားသီးဖျော်ရည်က Vitamin နဲ့ သတ္ထုဓာတ်တွေ ကြွယ်ဝစွာ ပါ၀င်တာမို့ ခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာ ဖြစ်စေပါတယ်။

၇။ သွေးတိုးကျစေတယ်

သခွားသီးထဲမှာ ပိုတက်စီယမ်ပါဝင်မှုများပြားတဲ့အတွက် သခွားသီးဖျော်ရည် သောက်ပြီးချိန််မှာ ခန္ဓာကိုယ်ထဲကို ပိုတက်စီယမ်တွေ ပိုမိုရောက်ရှိသွားစေနိုင်ပြီး သွေးဖိအားကို လျော့နည်းစေပါတယ်။ သခွားသီးဖျော်ရည်တစ်ခွက်က သွေးပေါင်ချိန်ကို ကျစေတာမို့ သွေးတိုးတဲ့အခါ သောက်သုံးနိုင်ပါတယ်။

အဆိုပါ အချက်များကို သိရှိပြီးနောက်မှာတော့ မနက်တိုင်းမှာ သခွားသီးဖျော်ရည်သောက်ကြဖို့ ထပ်မံ တိုက်တွန်းချင်ပါတယ်။ အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာနှင့် သာယာပျော်ရွှင်ကြပါစေရှင်။

Source: YouTube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။