မြန်မာနိုင်ငံရဲ့ အရေးကြီးဆုံးနေ့တစ်နေ့လို့ ပြောလို့ရတဲ့နေ့တွေထဲမှာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲနေ့လည်း ပါဝင်ကြောင်း သိရပါတယ်။ အဆိုပါ စာမေးပွဲဖြေဆိုချိန်တွင် လျှပ်စစ်မီး လုံးဝမပြတ်တောက်စေရန် စီမံမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။ ‘‘၁၀ တန်းစာမေးပွဲချိန်မှာ ကျွန်တော်တို့ရဲ့ တာဝန်ပါ။ မီးလုံးဝမပြတ်ဖို့ ရအောင်စီမံမယ်။ အကြောင်းအမျိုးမျိုးကြောင့် ဓာတ်အားပြတ်တောက်တာမျိုး ဖြစ်ခဲ့ရင်တောင် ချက်ချင်းအစား ထိုးပေးနိုင်အောင် အရန်မီးစက် တွေချထားဖို့ စီစဉ်နေတယ်’’ဟု ဦးစိုးမြင့်က ပြောပြထားပါတယ်။

စာမေးပွဲကာလအတွင်း လျှပ်စစ်မီးမပြတ်ရေး ကြီးကြပ် ဆောင်ရွက်မည့် ကော်မတီတစ်ရပ်ကို အဖွဲ့ဝင် ၁၂ ဦးဖြင့် ပြီးခဲ့ သည့် ဇန်နဝါရီ တတိယပတ်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဖွဲ့စည်းထားပါတယ်။ အဆိုပါ ကော်မတီတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်း ဦးဆောင်ညွှန်ကြားရေး မှူး ဦးစောဝင်းမောင်က ဥက္ကဋ္ဌ၊ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးသိမ်းသူရက အတွင်းရေးမှူးအဖြစ် တာဝန်ယူ ထားပါတယ်။ တက္ကသိုလ်စာမေးပွဲဖြေဆို နေစဉ်အတွင်း လျှပ်စစ်ဓာတ်အားမပြတ်စေရေး အနီးကပ်ကြီးကြပ် ကွပ်ကဲဆောင်ရွက်ရန်၊ လစ်ဟင်းမှုမရှိစေရန်၊ အချိန်နှင့် တစ်ပြေးညီဆောင်ရွက်ရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အဆိုပါ ကော်မတီဝင်များအား ညွှန်ကြားထားကြောင်း သိရပါတယ်။

၂၀၁၈ တက္ကသိုလ်ဝင်စာမေး ပွဲကို မတ်လ ၇ ရက်တွင် မြန်မာစာ၊ ၈ ရက်တွင် အင်္ဂလိပ်စာ၊ ၉ ရက်တွင် သင်္ချာ၊ ၁၂ ရက်တွင် ဓာတုဗေဒနှင့် စိတ်ကြိုက်မြန်မာစာ၊ ၁၃ ရက်တွင် ရူပဗေဒ၊ ၁၄ ရက်တွင် ဇီဝဗေဒနှင့် ဘောဂ ဗေဒ၊ ၁၅ ရက်တွင် ပထဝီဝင်၊ ၁၆ ရက်တွင် သမိုင်းဘာသာရပ် ဖြေဆိုရမည်ဖြစ်ကြောင်း သိရပါတယ်။ ယခုနှစ် တက္ကသိုလ်ဝင်စာ မေးပွဲဖြေဆိုရန် လျှောက်ထားသူ ၈၄၀,၀၀၀ ကျော်ရှိပြီး ယခင်နှစ် ထက် ၈၀,၀၀၀ ခန့်တိုးလာသည် ကိုတွေ့ရပါတယ်။

Source - 7 day

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။