ကမ္ဘာကျော် အင်္ဂလန်ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်းကတော့ သားသမီး(၄)ယောက်နဲ့ အတူ ဟောလိ၀ုဒ်ရဲ့ ဒိတ်ဒိတ်ကျဲမိသားစုအဖြစ်နာမည်ကြီးပါတယ်။

ဖခင်ဖြစ်သူ တက်တူးဝါသနာသလို အသက်(၁၈)နှစ်အရွယ် ဘရွတ်ကလင်းဘက်ခမ်းကလည်း တက်တူးထိုးရတာခရေဇီဖြစ်သူပါ။ ဘရွတ်ကလင်းဟာ ဖေဖော်ဝါရီလ(၆)ရက်နေ့က သူ့ရဲ့ ညာဘက်မှာ တက်တူးထိုးခဲ့တဲ့ပုံတစ်ပုံကို အင်စတာဂရမ်အကောင့်မှာ မျှဝေခဲ့ပါတယ်။ 

ဓာတ်ပုံဆရာလေး ဘရွတ်ကလင်း ရဲ့ လက်က တက်တူးသစ် နဲ့ပတ်သက်ပြီး ပရိသတ်တွေသဘောကျလျက်ရှိပါတယ်။

(၁၉၇၅)ခုနှစ်မှာ မွေးဖွားတဲ့ ဖခင်ဖြစ်သူ ဒေးဗစ်ဘက်ခမ်းကို ဂုဏ်ပြုတဲ့အနေနဲ့ ဖခင်ရဲ့ မွေးသက္ကရာဇ် (၁၉၇၅) ဆိုတဲ့ စာတန်းကို တက်တူးထိုးကာ ဘယ်လောက်ချစ်ကြောင်းသက်သေပြလိုက်တာဖြစ်ပါတယ်။

အဲ့ဒီမတိုင်ခင် သူ့ရဲ့ခန္ဓာကိုယ်မှာ ကင်မရာပုံ ၊ နှင်းဆီပုံ အစရှိတဲ့ တက်တူးအလန်းလေးတွေကိုလည်း ရေးထိုးခဲ့ပါတယ်။

ဘရွတ်ကလင်းဟာ သား(၃)ယောက် ၊ သမီးလေးတစ်ယောက်ထဲမှာ သားအကြီးဆုံးဖြစ်ပြီး လက်ရှိမှာ အမေရိကန်မင်းသမီး ကိုးလ်မောရက်ဇ် နဲ့ချစ်ကြိုက်နေတာဖြစ်ပါတယ်။

ဖခင်ကောင်းပိုင်ဆိုင်ထားရတဲ့ သူ့အတွက်တော့ ကံကောင်းလှပါတယ်။  

Source : JustJared

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။