ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်နှင့် မြို့နယ်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ ပြင်ဆင်ဖွဲ့စည်းမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၉ ရက်၊ နံနက် ၈ နာရီက လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁) တာချီလိတ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ရှေးဦးစွာ ခရိုင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ က လူကုန်ကူးခြင်းနှင့် လူကုန်ကူးခံရမှုအကြောင်းအရင်းများ၊ ကာကွယ်တားဆီးနှိမ်နင်းရေး လုပ်ငန်များ ရပ်ကွက်၊ ကျေးရွာအဆင့်အထိ ဆောင်ရွက်နေမှု၊ လူကုန်ကူးမှုများ စုံစမ်းဖော်ထုတ် အရေးယူနိုင်ရေးဆောင်ရွက်မှု၊ လူကုန်ကူးခံရသူများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှုတို့နှင့်စပ်လျဉ်း၍ အဖွင့်အမှာ စကားပြောကြားခဲ့ပါတယ်။ 

အဖွဲ့ဒုတိယဥက္ကဋ္ဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထိန်ဝင်းက ခရိုင်နှင့်မြို့နယ်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ပြင်ဆင်ဖွဲ့စည်းမှု၊ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရပါတယ်။ ထို့နောက် မြို့နယ်လူကုန်ကူးတားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က ရပ်ရွာအခြေပြုစောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းထားမှုနှင့် လုပ်ငန်းစဉ်များ၊ ခရိုင်လူကုန်ကူးမှု တားဆီး ကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁)တာချီလိတ် မှ တပ်ဖွဲ့စိတ်မှူး ရဲမှူး ရင်ရင်အေး က လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့ မော်ကွမ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ စီမံကိန်းညှိနှိုင်းရေးမှူး ဒေါ်နန်းဝိုးဖတ် က လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ 

ဆက်လက်၍ တက်ရောက်လာသည့် ခရိုင်နှင့်မြို့နယ် လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့တို့မှ အဖွဲ့ဝင် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက လက်ရှိ ကြိုတင်ကာကွယ် တားဆီးနှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ကဏ္ဍအလိုက် ပူးပေါင်းပါဝင် ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ လက်ရှိ လူကုန်မှုနဲ့ပတ်သက်ပြီး လှုက်ရှားမှုတွေကို အဓိကထားပြုလုပ်နေကြောင်းကိုလည်း သိရပါတယ်။

Source - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။