အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်သလို ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုအပြည့်အဝရရှိထားသူလည်းဖြစ်တဲ့ မင်းသမီးတွေထဲမှာ အကယ်ဒမီ အိန္ဒြာကျော်ဇင်လည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ အနုပညာလောကမှာ ပရိသတ်အင်အားခိုင်မာစွာနဲ့ ရပ်တည်နေသူဖြစ်ပြီး အချိန်ကာလအတော်ကြာ အောင်မြင်မှုနဲ့ လှပမှုကို ထိန်းသိမ်းထားနိုင်ဆဲ မင်းသမီး တစ်လက်လည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး သားလေးတစ်ယောက် သမီးတစ်ယောက်ပိုင်ဆိုင်လို့ ထားပါတယ်။ အူဝဲဟာ သားသမီးတွေအတွက်ဆို အမြဲဦးစားပေးလေ့ရှိသူဖြစ်ပြီး နောက်ပိုင်းမှာ ကလေးတွေအတွက် အချိန်ပေးဖို့ အနုပညာအလုပ်တွေကို သိသိသာသာလျှော့ချလာတာကိုလည်း တွေ့ရပါတယ်။ သားသမီးတွေအတွက် အစစအရာရာ အသေးစိတ်လိုက်လုပ်ပေးတတ်တဲ့ အူဝဲတစ်ယောက် ဒီနေ့လည်း သမီးလေးရဲ့ ကျောင်းကို လိုက်သွားဖြစ်တယ်လို့ သိရပါတယ်။ 

သူမရဲ့ လူမှုစာမျက်နှာမှာတော့ သမီးလေးကျောင်းရဲ့ field day တက်ရောက်ဖြစ်ခဲ့ပုံကို ယခုလို ရေးသားထားတာ တွေ့ရပါတယ်။

"ဒီနေ့ သမီးလေးတို့ကျောင်းမှာ field day. မေမေတွေလဲကလေးတွေလိုက်စောင့်ရင်း picnic ထွက်.teachersတွေနဲ့parentsတွေနဲ့လွန်ဆွဲကြ ပျော်စရာကြီး" ဆိုပြီး ရေးသားထားပါတယ်။ ကဲ ပရိသတ်ကြီးရေ သမီးလေးကျောင်းမှာ လွန်ဝင်ဆွဲရင်း ပျော်နေတဲ့ မေမေ မင်းသမီး အူဝဲရဲ့ ဓာတ်ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်....

Source: Eaindra Kyaw Zin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။