ပြည်သူချစ်မင်းသားတစ်လက်ဖြစ်သလို သဘာဝမင်းသားအဖြစ် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူကတော့ မြင့်မြတ် ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်တတ်သူဖြစ်ပြီး ပရိသတ်ရင်ထဲက အကယ်ဒမီဆုကိုလည်း ဆွတ်ခူးရရှိထားသူဖြစ်ပါတယ်။ မြင့်မြတ်ဟာ အလှူအတန်းရက်ရောသူတစ်ဦးဖြစ်ပြီး ယခုတစ်ခါလည်း ကားတစ်စီး လှူဒါန်းလိုက်တယ်လို့ သိရပါတယ်။ 

မြင့်မြတ်တို့ ဇနီးမောင်နှံဟာ 5star ကိုအောင်သော်ရဲ့ AT Ambulance Group GMW လူမှုကယ်ဆယ်ရေးအသင်းကို ကားတစ်ဦးလှူဒါန်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ Nissan Elgrand 2007 3.5 ယာဉ်ကို လှူဒါန်းခဲ့တာဖြစ်ပြီး ပရိသတ်တွေကတော့ မြင့်မြတ်တို့ ဇနီးမောင်နှံရဲ့ မွန်မြတ်တဲ့ ကောင်းမှုကုသိုလ်အတွက် ဝမ်းသာပီတီဖြစ်ပြီး သာဓုခေါ်ဆိုနေကြတာကိုလည်း တွေ့ရပါတယ်။ 

မြင့်မြတ်ဟာ ချစ်ရတဲ့ ဇနီးလေးနဲ့အတူ မကြာခင် သားသမီးလေးတွေ ပိုင်ဆိုင်ရတော့မှာဖြစ်ပြီး ပျော်ရွှင်စရာ မိသားစုကမ႓ာလေးကို ရရှိတော့မှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ မိန်းမကို သေချာဂရုစိုက် ဦးစားပေးဖြစ်တယ်ဆိုပြီး အင်တာဗျူးတစ်ခုမှာ ဖြေဆိုထားတာကိုလည်း တွေ့ရပါတယ်။ မြင့်မြတ်ဟာ ယခုနှစ် အကယ်ဒမီအတွက်လည်း ရေပန်းစားနေတဲ့ မင်းသားတွေထဲမှာ ပါဝင်နေပြီး သူ့ရဲ့ပရိသတ်တွေကတော့ ရင်ခုန်လို့နေကြပါတယ်။

Source: Myo Min Hein

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။