ပရိသတ်တွေရဲ့ အသဲတစ်ခြမ်း ချစ်စရာကောင်မလေးပန်းရောင်ခြယ်ကတော့ လက်ရှိဂီတလောကမှာ အောင်မြင်မှုများစွာနဲ့ ပရိသတ်တွေရဲ့ အချစ်တွေအားလုံးကို သိမ်းပိုက်ထားနိုင် သူလေးပဲဖြစ်ပါတယ်။ တစ်ချိန်ကပရိသတ်တွေနှစ်ခြိုက် အားပေးခဲ့ ကြရတဲ့ အဆိုတော်ဂရေဟန်ရဲ့သမီးလေးဖြစ်သလိုအဆို ပညာပိုင်းမှာလည်း ဖေဖေခြေရာ ကိုနင်းနိုင်တဲ့ ထူးချွန်သူလေးလို့ ဆိုရပါမယ်။လူငယ်တေးသံရှင်တစ် ယောက်ပီပီ ငယ်ရွယ်နုပျိုမှုတွေနဲ့ချစ်စရာအလွန်ကောင်းနေတာကြောင့် သူမရဲ့အချစ်ရေးဟာလည်း ပရိသတ်တွေအတွက် စိတ်ဝင်စားစရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

လက်တလောလူမှုကွန်ယက်မှာတော့ သူမရဲ့ဓာတ်ပုံလေးတစ်ပုံလေးပျံနှံ့နေခဲ့ပြီး ပရိသတ်စိတ်ဝင်စားမှု အများဆုံးနဲ့ ဝေခွဲရခက်နေတဲ့ ဓာတ်ပုံလေးတစ်ပုံဖြစ်လို့နေပါတယ်။ချစ်သူမရှိဘူးလို့ဆိုထားဖူးတဲ့သူမကတော့ ချစ်သူတွေမှရိုက်လေ့ရှိတဲ့ ပိုစ့်ပုံစံလေးကို ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတင်ခဲ့တာကြောင့် သူမမှာတကယ်ပဲ ချစ်ရမယ့်သူရှိနေပြီလား ပရိသတ်တွေအသဲကွဲရတော့မှာလားဆိုတဲ့ မေးခွန်းပေါင်းများစွာနဲ့ အဖြေမှန်တစ်ခုကို စောင့်မျှော်နေကြ မယ်လို့ထင်ပါတယ်။ဒီနေ့မှာတော့ ပရိသတ်တွေအရမ်းကိုသိချင်နေတဲ့ ပန်းရောင်ခြယ်လက် ကိုဆွဲထားတဲ့ ပဟေဠိဆန်နေတဲ့ လက်ပိုင်ရှင်လေးဟာ ဘယ်သူဖြစ်မလဲဆိုတာကို ချစ်ပရိသတ်တွေအတွက် ပြောပြချင်ပါတယ်။ 

ပရိသတ်တွေစိတ်ဝင်စားနေတဲ့ ဓာတ်ပုံလေးဟာ တကယ့်တော့သူမရဲ့သီချင်းအသစ်လေးဖြစ်တဲ့"Butterflies (လိပ်ပြာ)"လို့အမည်ရတဲ့ Music MTV ထဲမှပုံရိပ်လေး ပဲဖြစ်ပါတယ်။ ပန်းရောင်တို့ ညီအမနှစ်ယောက် မနှစ်က Australiaမှာကျောင်းသွားတက်စဉ် သူငယ်ချင်းတွေနဲ့အတူ ရိုက်ကူးခဲ့တဲ့ ဗီဒီယိုလေးတစ်ခုပဲ ဖြစ်ပါတယ်။အဲ့ဒီ သီချင်းဗီဒီယိုလေးရဲ့ ပုံစံလေးကတော့ ကောင်လေးက ချစ်သူကောင်မလေးကို ရိုက်ကူးပေးထားတဲ့ ပုံစံလေးပဲ ဖြစ်ပါတယ်။ပရိသတ်တွေ မေးခွန်းပေါင်းများစွာနဲ့ အရမ်းကိုသိချင်နေကြတဲ့ ပဟေဠိဆန်နေတဲ့ လက်ပိုင်ရှင်လေး ဟာဘယ်သူလဲ သိခွင့်ရလိုက်တဲ့အတွက် ကျေနပ်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ပန်းရောင်ခြယ်ရဲ့သီချင်း အသစ်လေးကိုလည်း ချစ်ပရိသတ်တွေ အားပေးနားဆင်နိုင်စေဖို့မျှဝေပေးလိုက်ပါတယ်နော်။  

သတင်းအရင်းအမြစ် - ပန်းရောင်ခြယ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။