တစ်ခေတ်တစ်ခါက နာမည်ကျော်ကြားခဲ့တဲ့ ၀ါရင့်လူရွှင်တော်ကြီးဦးစိန်ရိုးကို ပရိသတ်တော်တော်များများမှတ်မိကြမယ်ထင်ပါတယ်။တချိန်က အငြိမ့်စင်ထက်မှာ ပရိသတ်တွေကို ရယ်စရာမောစရာတွေနဲ့ ဟာဒရရွှင်ဆေးတိုက်ကျွေးခဲ့ဖူးတဲ့ ဦးစိန်ရိုးကတော့ ကတော့လောကဓံရဲ့ ရိုက်ခပ်မှုကို စတင်ခံစားနေရပါပြီ။လွန်ခဲ့သောတစ်လောက်ကလည်း ကျန်းမာရေးမကောင်းတာကြောင်း ဆေးရုံတတ်ခဲ့ရဖူးပါတယ်။

သူ့ရဲ့ဇနီးကတော့

“အသက်ကတော့ (၈၃) နှစ်ပါ။ ကျန်းမာရေးမကောင်းတော့ ဆေးရုံတတ်ရတယ် ။ ချောင်းဆိုးတော့ သွေးတွေပါတယ်။ သူ့ရောဂါကို ဆရာဝန်က စစ်လိုက်တော့ မှန်ပြောင်းအသေး ထည့်ရမယ်။ မှန်ပြောင်းအသေး ကို မြိုခိုင်းတော့ မမြိုနိုင်ပဲ သွေးစလေးပါလာတယ် ။ အဲ့ဒါနဲ ့ စစ်ဆေးကြည့်လိုက်တော့ ကင်ဆာဆဲလ်ဖြစ်နေတယ်။ မှန်ပြောင်းအကြီး နဲ့ ထိုးပြီးတော့ ကြည့်မယ်လို့ ဆရာဝန်ကြီးတွေ ကပြောတယ် ။ 

ဒါပေမယ့် ရက်ချိန်းပေးတော့ သူမသွားတော့ဘူး။ မှန်ပြောင်းအကြီးကို သူမမြိုနိုင်ဘူးပြောတယ်။ အဲ့တာနဲ့ မှေးပြီးတော့ကုနေတာ ။ ဆေးရုံကြီး တတ်တုန်းကတော့ လာမေးကြပါတယ် ။ မန္တလေး က မောင်မေတ္တာ ဆိုတဲ့သူကတော့ ပရိသတ်တွေဆီက အလှူခံပြီးတော့ ပိုက်ဆံပို့ပေးလိုက်တယ် ။ မောင်ကောင်းကျော် တို့ကလည်း လာပေးတယ်။ ရုပ်ရှင် အသိုင်းအဝိုင်းဘက်ကလည်း ဆေးရုံတတ်တုန်းက လာထောက်ပံ့ပေမယ့် အခုတော့မလာကြပါဘူး ” လို့ ဦးစိန်ရိုးရဲ့ဇနီးဖြစ်သူကအခုလိုပြောပါတယ်။ 

source - myanmar celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။