အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်သလို ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိထားသူတစ်ဦးလည်းဖြစ်တဲ့ ဝတ်မှုန်ရွှေရည်ကတော့ ပြည်ပခရီးတစ်ခု ထွက်ရှိနေတယ်လို့ သိရပါတယ်။ အနုပညာလောကရဲ့ ဒိတ်ဒိတ်ကြဲစာရင်းဝင်တစ်ဦးဖြစ်ပြီး အကယ်ဒမီဆုနှစ်ဆု ရရှိထားတဲ့သူမဟာ ပရိသတ်တွေကြား ဖက်ရှင်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်ပြီး စောင့်ကြည့်ရတဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။

ပွဲတိုင်းလိုလိုမှာ အမြဲထင်ပေါ်နေတတ်တဲ့ ရွှေကစ်ဟာ ကာလံဒေသံနဲ့ညီအောင် ဝတ်စားဆင်ယင်တတ်သူတစ်ဦးလည်းဖြစ်ပါတယ်။ ယနေ့မှာတော့ ရွှေကစ်တစ်ယောက် မြန်မာဝတ်စုံအဖြူရောင်လေးနဲ့ ဓာတ်ပုံလေးတွေကို သူမရဲ့ အင်စတာဂရမ်မှာ တင်ထားတာတွေ့ရပါတယ်။ အဖြူရောင်ကတော့ သူမရဲ့ Happy Colour ဆိုပြီးတော့လည်း သူမက ပြောပြထားပါသေးတယ်။ 

တလောကတော့ ရွှေကစ်တစ်ယောက် ပြည်ပခရီးစဉ်တွေ ထွက်ရှိခဲ့ပြီး လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်လို့နေတာတွေ့ရပါတယ်။ မကြာခင် ကျင်းပပြုလုပ်တော့မယ့် အကယ်ဒမီပွဲကြီးမှာလည်း သူမဟာ "ကျွန်" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အမျိုးသမီးဇာတ်ဆောင်ဆုအတွက် နာမည်ကြီး ရေပန်းစားလို့နေပြီး သူမရဲ့ ပရိသတ်တွေကတော့ ရင်ခုန်လို့နေကြပါတယ်။ 

Source: Wut Hmone Shwe Yi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။