မော်ဒယ်မင်းသားချောလေး ပိုင်တံခွန်ကတော့ သဘာဝတရားရဲ့ ဆန်းကြယ်မှုကို အံ့အားသင့်လို့နေပါတယ် ။ ဘာကြောင့်လဲဆိုတော့ ကစားနည်းတစ်ခုကိုဆော့လိုက်မိတာကြောင့်ပါ ။ အဲဒီ ကစားနည်းကတော့ အွန်လိုင်းမှာနာမည်ကြီးနေတဲ့ Two finger lifting trick ဆိုတဲ့ ကစားနည်းလေးပါ ။ တစ်ယောက်ကို လက်ချောင်းလေးနှစ်ချောင်းသုံးပြီး လေးယောက် လက်ချောင်း ၈ ချောင်းထဲနဲ့ လူတစ်ကိုယ်လုံးကို မြောက်တတ်သွားအောင် မနိုင်ဖို့ ဆိုတာ ဖြစ်နိုင်ပါ့မလား ။ 

အဲဒါကို စမ်းသပ်ပြသတဲ့ Game လေးကတော့ Two finger lifting trick ပါ ။ ပထမ ဒီအတိုင်း လက်ချောင်း ၈ ချောင်းနဲ့ မကြည့်ပါတယ် ။ မနိုင်ပါဘူး ။ နောက်တစ်ခါ ထိုင်နေတဲ့လူရဲ့ ခေါင်းပေါ်ကို လက်တွေထပ်ကာပြီး ၁ ကနေ ၂၀ ထိရေပြီး ပြန်ချ ခုနလို လက်ချောင်းလေးရှစ်ချောင်း နဲ့ ထပ်မတဲ့ အခါ လူတစ်ကိုယ်လုံးမြောက်တတ်လာပါတယ် ။ ဒါက ရူပဗေဒ သဘောတရားနဲ့ ဆက်နွယ်တဲ့ ကစားနည်းတစ်ခုပါ ။ 

( ကိုယ်တိုင်လည်း စမ်းဆော့ကြည့်လို့ရပါတယ်နော် ) ဒီကစားနည်းကို ပိုင်တံခွန်က စမး် ကစား ထားတဲ့ Video File လေးတစ်ခုကိုပရိတ်သတ်တွေ ဆီ ဝေမျှထားခဲ့တာပါ ။ Video ထဲမှာတော့ ပိုင်တံခွန်ကို မိန်းကလေး ၄ ယောက်က လက်ချောင်းနှစ်ချောင်းဆီနဲ့ စမ်းမနေကြတာကိုတွေ့ရမှာဖြစ်ပြီး နောက်ဆုံးတကယ်မနိုင်သွားပါတယ် ။ ဆော့တဲ့ သူတွေကိုယ်တိုင်ကအံ့သြနေကြသလို ပိုင်တံခွန်က တကယ်ထူးဆန်းလွန်းလို့ ကြက်သီးတွေပါထရတယ်လို့ ဆိုပါတယ် ။ 

" D လို ဆွဲအား​ပျောက်​သွားတာကို ဘယ်​သူရှင်​းပြနိုင်​လည်​း ခင်​မျာ

တကယ်​အရမ်​းသိချင်​လို့ပါ " လို ့ မေးမြန်းထားပါသေးတယ် ။

ထူးဆန်းအံ့သြဖွယ် ကစားနည်းတစ်ခုပါပဲနော် ... 

သတင်းအရင်းမြစ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။