မင်းသမီးချောမိုးယုစံကတော့ အားလပ်ရက်မှာမိသားစုနဲ့အတူ ခရီးလေးထွက်ရင်း အရမ်းကိုပျော်ရွှင်နေပါတယ်။ သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးလေး ကိုပိုင်ဆိုင်ထားတဲ့ သူမအဖို့မင်္ဂဆောင်စဉ် ကစပြီး လက်ရှိချစ်စရာ ကောင်းတဲ့ သားလေးတစ်ယောက်ရတဲ့အထိ အပျော်တွေက စထက်တိုးရှင်သန်တိုးပွားနေတာကြောင့် ပရိသတ် တွေတောင် အားကျနေရတဲ့သူလေးပဲ ဖြစ်ပါတယ်။လက်ရှိမှာလည်း ချစ်စရာကောင်းတဲ့ သားလေးနဲ့အတူ မိသားစုစုံစုံလင်လင် ဘုရားခရီးစဉ်လေးထွက်လာရတာကြောင့် ပျော်ရွှင်မှုတွေဟာ သူမရဲ့မျက်နှာပေါ်မှာ အတိုင်းသား မြင်တွေ့နေရတာပဲ ဖြစ်ပါတယ်။ 

ချစ်စရာအရမ်းကောင်းတဲ့ သားလေးကောင်းသင်္ခမိုးသူလေးဟာလည်း (၅)လကျော် (၆)လနီးပါဖြစ်လာခဲ့ပြီး ခရီးသွားလို့ အဆင်ပြေတဲ့အရွှယ်လေးရောက်လာတာကြောင့် နှစ်ဖက်မိဘစုံစုံလင်လင်နဲ့ ဘုရားဖူးခရီးစဉ်လေး ကို ဖေဖော်ဝါရီ(၉)ရက်နေ့ ကစတင်ခရီးထွက်ခဲ့ကြတာပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ နေပြည်တော်ဗုဒ္ဓဂါယ ဘုရား ဥပ္ပါတသန္တိဘုရားဝင်ရောက်ဖူးမျှော်ခဲ့ ကြတာပဲဖြစ်ပါတယ်။သူမရဲ့လူမှုကွန်ယက်မှာလည်း မိသားစုခရီး သွားအမှတ်တရပုံရိပ်လေးတွေ မျှဝေပေးထားတာပဲ ဖြစ်ပါတယ်။ 

မိုးယုစံတို့ပျော်စရာမိသားစုလေးကတော့ လက်ရှိမှာပြင်ဦးလွင်ကို ထပ်ခရီးဆက်နေကြတာပဲ ဖြစ်ပါတယ်။ “သားသားကို ဆွေပြမျိုးပြ အကြောင်းပြရင်း လည်လည်ထွက်”နေပါတယ်ဆိုတဲ့စာလေးနဲ့ အတူသူမရဲ့ လူမှုကွန် ယက်မှာ ကြည်နူးစရာမိသားစုပုံရိပ်လေးတွေ ထပ်မံမျှဝေထားတာပဲဖြစ်ပါတယ်။မိုးယုစံတို့ရဲ့ ချစ်စရာမိသားစု ပုံရိပ်လေးတွေ ကြည့်ရတာ တကယ့်ကို အပျော်တွေကူးစက်ပြီး အားကျနေရပါတယ်နော်။ 

သတင်းအရင်းအမြစ် - မိုးယုစံ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။