တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့တွင် Joint Training ပြုလုပ်လျက်ရှိသည့် ပဏာမ မြန်မာ ယူ၁၈လက်ရွေးစင်အသင်းသည် ဒုတိယမြောက်ခြေစမ်းပွဲအဖြစ် တရုတ်နာမည်ကြီးကလပ်အသင်းဖြစ်သည့် တရုတ်စူပါလိဂ်လက်ရှိချန်ပီယံ Guangzhou Evergrande FC ၏ လူငယ်အသင်းနှင့် ဒီဇင်ဘာ ၁၃ရက်နေ့ ဒေသစံတော်ချိန် ညနေ ၄နာရီအချိန်တွင် အဆိုပါလူငယ်အသင်း၏ လေ့ကျင့်ရေးကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

Guangzhou Evergrande FC ၏ ဘောလုံးသင်တန်းကျောင်းမှာ ကမ္ဘာ့အကြီးဆုံးဘောလုံးသင်တန်းကျောင်းတစ်ခုဖြစ်ပြီး သင်တန်းသား ထောင်ချီတက်ရောက်လျက်ရှိကာ တရုတ်တို့၏ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အောင်မြင်မှုရရှိရေး ရည်မှန်းချက် အတွက် တည်ထောင်ထားခြင်းဖြစ်သည်။ အဆိုပါ သင်တန်းကျောင်းတွင် စပိန်လူမျိုးနည်းပြများစွာအား ရီးရဲလ်မက်ဒရစ်ဖောင်ဒေးရှင်းနှင့် ချိတ်ဆက်ခေါ်ယူပြီး ပို့ချသင်ကြားပေးလျက်ရှိသည်။

မြန်မာလူငယ်တို့နှင့် ယှဉ်ပြိုင်ကစားမည့် Guangzhou Evergrande လူငယ်အသင်းတွင် အသက် ၁၇နှစ်မှ ၂၁နှစ်အရွယ် လူငယ်ကစားသမားများပါဝင်ကစားကြမည်ဖြစ်သည်။

(ဓာတ်ပုံ - Evergrande Football School)

Ref., MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။