ခေတ်သစ်ညီအစ်မလို့ ပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ ချစ်စရာ အမွှာညီအစ်မလေးတွေ ဖြစ်ကြတဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်လေးတို့ကတော့ ကြော်ငြာတွေ ရိုက်ကူးနေပြီ ဖြစ်ပါတယ်..။

မိသားစုလိုက် ကြော်ငြာတွေ ရိုက်ကူးရင်း ပျော်ရွှင်နေတဲ့ ချစ်သုဝေတို့ မိသားစုရဲ့ ပုံရိပ်လေးတွေကတော့ မြင်တွေ့ရသူတွေအဖို့ စိတ်ကြည်နူးပျော်ရွှင်စရာလေးပါပဲ..။

ချစ်စရာ အမွှာ ခေတ်နဲ့ သစ်လေးတို့ကတော့ ဖေဖေ မေမေတို့နဲ့အတူ ယနေ့ ဖေဖော်ဝါရီ (၁၃)ရက်နေ့ မနက်ပိုင်းက Heguru Yangon Center ကြော်ငြာရိုက်ကူးခဲ့ကြတာ ဖြစ်ပါတယ်..။

ပရိသတ်တွေရဲ့ အသည်းကျော် ချစ်စရာကောင်းပြီး အမြဲ ပြုံးရယ်နေတတ်တဲ့ အမွှာ သမီးချောလေးတွေကတော့ ဖေဖေ မေမေတို့နဲ့ အတူ ကြော်ငြာတွေ ရိုက်ကူးရင်း ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကတော့ တကယ့်ကို ချစ်စရာလေးတွေပါပဲ ပရိသတ်ကြီးရေ..

ချစ်စရာကောင်းတဲ့ သမီးချောလေးတွေကတော့ မွေးကင်းစအရွယ်ကတည်းက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အခိုင်အမာရရှိထားတာလည်း ဖြစ်ပါတယ်..။

ချစ်သုဝေနဲ့ လင်းလင်းတို့ စုံတွဲလေးကတော့ အနုပညာလောကမှာ အောင်မြင်နေမှုတွေကို ရရှိပိုင်ဆိုင်ထားသလို ချစ်စရာကောင်းတဲ့ သမီးချောလေးတွေကို ပိုင်ဆိုင်ထားတာမို့ ပရိသတ်တွေရဲ့ အားကျချစ်ခင်မှုတွေနဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးတွေကို ပိုင်ဆိုင်ထားတာ တွေ့ရပါတယ်..။

Source – popular

Photo - ချစ်သုေ၀ fb ၊ Popular

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။