အနုပညာလောကရဲ့ ထိပ်တန်းအနုပညာရှင်တွေဖြစ်ကြသလို ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုလည်း ရရှိထားတဲ့ အနုပညာရှင်တွေထဲမှာ မင်းသား ဟိန်းဝေယံနဲ့ မင်းသမီး စိုးပြည့်သဇင်တို့ လည်း ထိပ်ဆုံးက ပါဝင်ပါတယ်။ သူတို့နှစ်ဦးဟာ အတွဲညီညီ ဗီဒီယိုဇာတ်ကားတော်တော်များများမှာ သရုပ်ဆောင်ခဲ့ကြပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိခဲ့ကြပါတယ်။ 

ဇာတ်ကားတွေ တွဲရိုက်တာများလာလို့ အပြင်မှာလည်း တွဲနေကြတယ်ဆိုတဲ့ သတင်းတွေ ထွက်ရှိခဲ့ပေမဲ့ နှစ်ယောက်ကတော့ ခုချိန်ထိ သိပ်ခင်တဲ့ အနုပညာမောင်နှမတွေသာ ဖြစ်ကြပါတယ်။ သူတို့နှစ်ယောက်ကတော့ အရမ်းချစ်ရတဲ့ ပရိသတ်တွေဆီက ချစ်သူများနေ့အကြိုအဖြစ် လက်ဆောင်တွေ ရလိုက်တယ်လို့ သူတို့ရဲ့ လူမှုစာမျက်နှာတွေကနေတဆင့် သိလိုက်ရပါတယ်။

မင်းသားဟိန်းဝေယံကတော့ သူ့ရဲ့ လူမှုစာမျက်နှာမှာ "Valentine day မတိုင်ခင်... Fan တွေပို့လိုက်တဲ့

အမှတ်တရ လက်ဆောင်များနဲ့ အမှတ်တရပါ..

ကျွန်တော့်ကို အခုလို သတိတရ ရှိကြတဲ့အတွက်

ကျေးဇူးတင်ပါတယ်ဗျာ... " ဆိုပြီး ရေးသားတင်ထားတာ တွေ့ရပါတယ်။ ထို့အတူ စိုးပြည့်ကလည်း "Valentine’s dayအကြိုတဲ့....အိမ်လာပြီးလုပ်ပေးသွားတာ ချစ်တယ်အားလုံးကို...ကိုယ်တိုင်မလာနိုင်ပေမဲ့ချစ်ပေးတဲ့သူလေးတွေကိုလည်းချစ်တယိ....အချစ်ခံရတဲ့အတွက်လည်းပျော်တယ်အားလုံးပေးတဲ့လက်ဆောင်လေးတွေကိုတစ်ခုချင်းစီမရိုက်နိုင်တာလေးတော့ခွင့်လွှတ်ပေးပါနော်....တစ်ခုချင်းစီတန်ဖိုးထားပါတယ်နော်" ဆိုပြီးတော့ ရေးသားထားပါတယ်။ 

Source: Heinn Wai Yan & Soe Pyae Thazin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။