နိုင်ငံတကာမှာ မိန်းကလေးအစစ်တွေထက်တောင် ပိုပြီးဆွဲဆောင်မှုရှိတဲ့ ဂေးအလှမယ်တွေနဲ့ Lady Boy တွေရှိကြသလို မြန်မာပြည်မှာလည်း လူမှုကွန်ရက်မှာ ၀န်းရံခံရနေတဲ့ သူလေးတွေရှိနေပါတယ်။

ဖေ့ဘုတ်ဆယ်လီတစ်ဦးဖြစ်တဲ့ Lady Boy စစ်ပိုးအိမ်ဟာ လူမှုကွန်ရက်မှာ ပုရိသတွေသာမက မိန်းကလေးတွေရဲ့ ၀န်းရံမှုတွေနဲ့ အတူ နာမည်ကြီးလာသူဖြစ်ပါတယ်။

အပျော်တမ်းဓာတ်ပုံရိုက်ကူးရတာနှစ်သက်တဲ့ စစ်ပိုးအိမ်တစ်ယောက် ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်နှစ်သစ်ကူးအကြိုရိုက်ကူးထားတဲ့ တရုတ်ဝတ်စုံလေးတွေနဲ့ ပုံရိပ်တွေက လူမှုကွန်ရက်မှာ ရေပန်းစားလျက်ရှိပါတယ်။

ပရိသတ်တွေသဘောကျနေတဲ့ သူမရဲ့ ပုံလေးတွေမှာတော့ စစ်ပိုးဟာ တရုတ်ရိုးရာဝတ်စုံပိုင်ဟွေ့ အကျင်္ီလေးဝတ်ဆင်ထားခဲ့ပြီး တရုတ်ဘုံကျောင်းတစ်ခုမှာ အလှဓာတ်ပုံလေးတွေရိုက်ကူးထားတာဖြစ်ပါတယ်။

မိန်းကလေးအစစ်တွေတောင် အားကျရလောက်တဲ့အထိ ချစ်စရာကောင်းနေတဲ့ စစ်ပိုးကိုတော့ ယောကျာ်းထုကြီးကိုပါ အသဲခိုက်အောင် လုပ်လိုက်တာပဲဖြစ်ပါတယ်။

သူ့ရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေကို ပရိသတ်တွေအတွက် မျှဝေပေးရင်းနဲ့ တရုတ်နှစ်သစ်ကူးနေ့လေးကို ကြိုဆိုလိုက်ရအောင်ပရိသတ်ကြီးရေ။

မြန်မာပြည်မှာ စစ်ပိုးဟာ မိတ်ကပ်ပညာရှင်မထက် ၊ မျိုးကိုကိုစန်းတို့လိုပဲ အလှတစ်မျိုးနဲ့ ပရိသတ်အားပေးမှုရရှိလာတာဖြစ်ပါတယ်။ 

Source : Sitt Poe Eain fb, Sesha Tayza

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။