အာရပ်စော်ဘွားများ ပြည်ထောင်စုရဲ့ ပင်လယ်ကွေ့မြို့တော်ဖြစ်တဲ့ ဒူဘိုင်းမြို့ဟာ ကမ္ဘာ့စံချိန်တင်မှုကို အဆုံးမသတ်ပဲ လုပ်ဆောင်နေပြီး ဖေဖော်ဝါရီ ၁၁ ရက်က “ကမ္ဘာ့အမြင့်ဆုံးဟိုတယ်တစ်လုံး”ကို ထပ်မံဖွင့် လှစ်လိုက်တယ်လို့ သိရပါတယ်။ ရွှေရောင်တဖိတ်ဖိတ်တောက်ပနေတဲ့အပြင် အထပ်ပေါင်း ၇၅ ထပ်ရှိ ဂျီဗိုရာဟိုတယ်ရဲ့ အမြင့်က ၃၅၆ မီတာရှိပြီး ဒီပမာဏမှာ တစ်မိုင်ရဲ့ လေးပုံတစ်ပုံနီးပါးနှင့် ညီမျှပါတယ် လို့လဲသိရပါတယ်။

ဂျီဗိုရာဟော်တယ်အတွင်းမှာတော့ ဇိမ်ခံအခန်းပေါင်း ၅၂၈ ခန်းနှှင့် ခေါင်မိုးထပ်မှာရေကူးကန်တစ်ခုပါဝင်ပါတယ်လို့လဲသိရပါတယ်။ ဒါ့အပြင် နောက်ဆုံးပေါ်ကျန်းမာရေးစင်တာလေးခုနှင့် ဇိမ်ခံစားသောက်ဆိုင်နှစ်ဆိုင်လည်းပါဝင်တယ်လို့သိရပါတယ်။ ယခင် ကမ္ဘာ့အမြင့်ဆုံး ဟိုတယ်အဖြစ် စံချိန်တင်ထားတဲ့ ဟိုတယ်မှာ ဒူဘိုင်းမြို့ရှိ JW Mariott Marquis ဟိုတယ် ဖြစ်ပြီး ဂျီဗိုရာဟိုတယ်ထက် တစ်မီတာ နိမ့်တယ်လို့လဲသိရပါတယ်။

ဒူဘိုင်းဟာ ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံဖြစ်တဲ့ အမြင့် မိုင်ဝက် သို့မဟုတ် ၈၂၈မီတာ ရှိ Burj Khalifa ကိုလည်း ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။ ဒူဘိုင်းဟာ ၂၀၂၀ ပြည့်နှစ်မှာ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး ကုန်စည်ပြပွဲကို လက်ခံ ကျင်းပမှာဖြစ်တဲ့အတွက် နှစ်စဉ် ခရီးသွား သန်း ၂၀ ခန့်ကို ဆွဲဆောင်နိုင်ရန် ရည်ရွယ်နေတာဖြစ်တယ်လို့လဲသိရပါတယ်။

source - Mizzima

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။