စိုင်စိုင်းတစ်ယောက်ကတော့ Valentine Day လေးမှာ မိန်းကလေး တစ်ဦးကို ကိုယ်တိုင် Surprise လုပ်ပြီး ပရိသတ်တွေကို အံ့သြအောင် လုပ်လိုက်ပြန်ပါပြီ..။

သူ့ရဲ့ မန္တလေးက ပရိသတ်တစ်ဦးဖြစ်တဲ့ မိန်းကလေးတစ်ဦးကို Valentine လက်ဆောင် ကိုယ်တိုင်ကိုယ်ကျ သွားပေးခဲ့တာ ဖြစ်ပါတယ်..။

စိုင်းစိုင်းရဲ့ Valentine လက်ဆောင်လေးရသွားတဲ့ မိန်းကလေးကလည်း သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ အခုလို ရေးသားထားတာ တွေ့ရပါတယ်..။

“Perfect Valentines Day!!!!!! Love u Bae G... ပျော်ရဲ့လားလို့ မေးရက်တယ်နော် ယူရယ်..” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်..။

ချစ်သူများနေ့မှာ SAI Cosmetix ကံစမ်းမဲပေါက်တဲ့ ပရိသတ်ကောင်မလေးကို အရုပ်ကြီးတွေ ဘောလုံးတွေနဲ့ စိုင်းစိုင်းနှုတ်ခမ်း နီလေးတွေထည့်ထားတဲ့ လက်ဆောင်ခြင်းလေးကို လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်..။

ပရိသတ်မိန်းကလေးကတော့ အရမ်းကို အံ့အားသင့်ပျော်ရွှင်သွားမှာပါပဲ..

စိုင်းစိုင်းကတော့ ပရိသတ်တွေကို တစ်နှစ်နဲ့ တစ်နှစ်မတူအောင် အမြဲ Surprise လုပ်နိုင်လွန်းသူလို့ ဆိုရမှာပါပဲ ပရိသတ်ကြီးရေ..

Source - Swe Yee Moe Wai fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။