ဒီနေ့ကတော့ အွန်လိုင်းတစ်ခုလုံး V Day အမှတ်တရတွေပြည့်နေတဲ့နေ့လေးပါပဲ ။ ချစ်သူတွေအချင်းချင်းလက်ဆောင်တွေပေးကြသလို အနုပညာရှင်တွေထဲမှာလည်း လက်ဆောင်တွေရကြတဲ့သူတွေရှိကြပါတယ် ။ ချစ်သူပေးတဲ့ နှင်းဆီပန်းစည်းကို မြင်လိုက်တဲ့ မိန်းကလေးတိုင်း ပျော်သွားကြမှာပါပဲ ။ ဧရာမ နှင်းဆီပန်းစည်းကြီးဆိုရင်ရော ။ ပိုသဘောကျမှာပေါ့ ။ 

ကံကောင်းစွာနဲ့ ဒီလို ဧရာမနှင်းဆီပန်းစည်းကြီးနဲ့ Surprise လုပ်ခံရတဲ့ မင်းသမီးလေးကတော့ နန်းမြတ်ဖြိုးသင်းပါ ။ သူမရဲ့ ခင်ပွန်းက ချစ်သူဘဝတုန်းကအတိုင်း အိမ်ထောင်ရှင်ဘဝမှာလည်း Surprise လုပ်ပေးခဲ့တာပါ ။

" ၉နှစ်မြောက်Valentine's day present

မနက်press showသွားရမှာမို့ မနက်၅နာရီလောက်ကြီးအတင်းနှိုးပီးsurpriseလုပ်တာတဲ့တော်(အစစ်အမှန်ပုံကနောက်ဆုံးမှာ)

၉နှစ်လုံးမပျက်ကွက်ပဲအမြဲပျော်ရွှင်မှုတွေပေးခဲ့လို့အရမ်းကျေးဇူးတင်ပါတယ်

ဒီနှစ်တော့မပေးတော့ဘူးထင်ထားတာ(ဟိဟိ လူကိုရပီးသွားပီဆိုတော့လေ)

အမြဲမပြောင်းလဲနဲ့နော်

နောက်နှစ်တွေမှာလဲအတူပျော်ရွှင်စွာဖြတ်သန်းကြမယ် ။ " လို့ နန်းမြတ်က ပျော်ရွှင်စွာနဲ့ ပြောထားခဲ့ပါတယ် ။  

သတင်းအရင်းမြစ် Nan Myat Phyo Thin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။