ဘဝမှာ အသည်းနင့်အောင်ချစ်ရသူ ရူးလောက်အောင် ချစ်ခဲ့ရတဲ့ ချစ်သူဆိုတာ လူတိုင်း မှာ ရှိတက်ကြပါတယ်။ တကယ်လို့ အကြောင်းအမျိုးမျိုးကြောင့် ချစ်သူနဲ့ လမ်းခွဲဖြစ်သွား တဲ့အခါ ကိုယ်စီနာကျင်ရမှာတော့ အမှန်ပါပဲ။

ဒါကြောင့်ဘယ်လိုမျိုးလွယ်လွယ်မေ့ပစ်ကြမလဲဆိုတာ နည်းလမ်းကောင်းလေးတွေကို ရှာဖွေထားပါတယ်။

(၁) ရည်မှန်းချက်ထားပါ။

တစ်နေ့ငါ ဒီလိုဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ စိတ်တဲ့ အရာရာတိုင်းကို အာရုံစိုက်လိုက်ပါ။ သူ့ကိုလွမ်းချိန်တွေ သတိရချိန်တွေမှာ ရည်မှန်းချက်အတွက် ကြိုးစားကာ စာတွေ အလုပ်တွေ လုပ်နေလိုက်ပါ။


(၂) Gym ကစားပါ။

Gym ကစားတာဟာ ခန္ဓာကိုယ်အတွက်သာမက စိတ်လှုပ်ရှားမှုတွေလ ည်းပေး စွမ်းနိုင်ပါတယ်။ ဒီတော့လှလဲလှလာမယ်…သူ့ကိုသတိရတဲ့အချိန်တွေလဲ နည်းလာမယ်။ ကဲ…ဘယ်လောက် ကောင်းလဲ။

(၃) သီချင်းတွေ အော်ဆိုပါ။

သတိရလို့ သီချင်းနားထောင်ကာမှ အလွမ်းသီချင်းတွေဖြစ်နေတယ်လို့ မပြောပါနဲ့။ ဒီသီချင်းတွေကို စိတ်နှစ်ပြီး သေသေချာချာနားထောင်တက်မယ်ဆိုရင် ဂီတဆိုတာ သင့်ရဲ့အဖော်ဖြစ်လာမှာပါ။

(၄) စိတ်ထဲကခံစားချက်တွေကို ချရေးပါ။

ငိုမယ်ဆိုလည်း စိတ်ကိုလျော့ချပြီး အပြည့်အဝအော်ငိုပစ်လိုက်ပါ။ စိတ်ထဲကခံစားနေရ တာတွေအကုန်လုံးကို စာအုပ်လေးတစ်အုပ်မှာ အကုန်ချရေးပစ်လိုက်ပါ။ ဒါဆိုခံစားနေရတာတွေက အနည်းငယ်သက်သာသွားမှာပါ။

(၅) စာတွေဖတ်ပါ။

စာတွေဖတ်ဖို့ အချိန်တွေပိုရလာတယ်လို့ မှတ်ထားလိုက်ပါ။ စာအုပ်တွေဟာ လူတစ်ယော က်ကို များစွာပြောင်းလဲနိုင်တယ်ဆိုတာကို မမေ့ပါနဲ့ ။

ရွေ့လျားနေတဲ့အချိန်တွေက သင့်ရဲ့အလွမ်းတွေကို သယ်ဆောင်ပေးသွားမှာပါ။ အချိန်ကကုစားပေးနိုင်တယ်ဆိုတဲ့ စကားလဲရှိတယ်မဟုတ်လား ။

Source – Lifehack.org

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။