ကြောက်ဖို့ကောင်းသလိုလို၊ ရယ်ရသလိုလို ဒီသီလရှင်မလေးရဲ့ပုံကတော့ အင်တာနက်အသုံးပြုတွေကြား ပျ့ံနှံ့လျက်ရှိပါတယ်။

အာဂျင်တီးနားနိုင်ငံ Santa Feမှာရှိတဲ့ Saints Teresa and Joseph ချာ့ချ်မှာရှိတဲ့ Cecilia Mariaအမည်ရ ခရစ်ယာန်သာသနာပြု သီလရှင်ဆရာမလေးဟာ သူမမကွယ်လွန်ခင်က ပတ်ဝန်းကျင်မှာနေထိုင်သူတွေကြား သူမရဲ့ ကြင်နာတတ်တဲ့အပြုံးကြောင့် လူသိများထင်ရှားသူတစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် သီလရှင်မလေးဟာ သူမသေဆုံးတဲ့အချိန်ထိ ယူဆောင်သွားတဲ့ပုံပါပဲ။ 

သီလရှင်မလေးဟာ ကင်ဆာရောဂါဝေဒနာကို အပြင်းအထန်ခံစားနေရသူတစ်ဦးဖြစ်ပြီး ဆေးရုံမှာတောင် အပြုံးမပျက် ဘုရားရှိခိုးမပျက်၊ ဆုတောင်းမပျက်နေခဲ့သူပါ။ ဆရာဝန်တွေက သူမကို လအနည်းငယ်သာ အသက်ဆက်ရှင်ရတော့မယ်လို့ ပြောကြားခဲ့ပြီးနောက် သူမဟာ မသေဆုံးခင်မှာ ကျန်ရစ်တဲ့သူတွေအတွက် စာတစ်စောင်ရေးသားထားခဲ့ပါတယ်။

စာထဲမှာ သူမသေဆုံးပြီးသွားတောင် ဆုတောင်းမပျက်ကြဖို့၊ အရင်ကထက်ပိုပြီး ဘာသာရေးကိုင်းရှိုင်းဖို့ ရေးသားထားခဲ့ပါတယ်။ ထူးဆန်းတာကတော့ သေဆုံးသွားတာတောင် ပြုံးပြီး သေဆုံးသွားတဲ့ သီလရှင်မလေးရဲ့ အပြုံးပါ။ သူမရဲ့ဖန်ဆင်းရှင်နဲ့ တွေ့ဆုံရတော့မှာကို အင်မတန်ပျော်ရွှင်နေတဲ့ပုံပါပဲ။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။