ဟာသသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဖြူဖြူထွေးတစ်ယောက် မြစ်ကြီးနား မိုးကောင်းကို ရောက်ရှိလို့နေပါတယ်။ သူမဟာ ပရိတ်သတ်တွေ ကိုရယ်မောပျော်ရွှင်အောင် အမျိုးမျိုး သရုပ်ေ်ဖာ်တင်ဆက်နေသူတစ်ဦး လည်းဖြစ်ပါတယ်။ အသက်ငယ် ရွယ်ပြီး ကျောင်းတက် နေဆဲကျောင်းသူ တစ်ဦးလည်းဖြစ်ပါတယ်။ ကိုယ်ရသမျှအနုပညာကြေးငွေ အားလုံးကို လည်း နယ်မှာရှိတဲ့မိဘဖြစ်သူတွေကို ပြန်လည်ထောက်ပံ့ပေးခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့အမူအရာလေးတွေနဲ့ ပရိတ်သတ်တွေရဲ့အချစ် ကိုအမြဲတမ်းဖမ်းစားခဲ့သူ လေးပါပဲ။

ပြီးခဲ့တဲ့ရက်ပိုင်းက လူမှုကွန်ယက်မှာပြန့်နှံ့လာတဲ့အင်တာဗျူးတစ်ခုမှာ သူမဟာမေးခွန်းနဲ့ အဖြေ တလွဲဖြေဆိုမိတာကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းက သူမက ပရိတ်သတ်တွေကိုပြန်လည် တောင်းပန်ခဲ့ပါတယ်။ သက်ငယ်မုဒိန်းမှုနဲ့ပက်သက်ပြီး သူမရဲ့အမြင်ကိုမေးမြန်ရာမှာ သက် ငယ် မုဒိန်းနဲ့ သက်ကြီးမုဒိန်း မှားယွင်းဖြေဆိုခဲ့တာပဲဖြစ်ပါတယ်။ အနေအထိုင် ဆင်ခြင်သင့် ကြောင်း၊ ရဲစခန်းဖုန်းနံပါတ်တွေ၊ ဦးကျော်သူဖုန်းနံပါတ်တွေ ဖုန်းထဲမှာအမြဲမှတ်ထားသင့် ကြောင်း၊ ဖုန်းထဲမှာ ဖုန်းဘေအမြဲချန်ထားသင့် ကြောင်း စတဲ့ကလေးတွေနဲ့ မသက်ဆိုင်တဲ့ အဖြေ အမှားမျိုးကို ဖြေဆိုမိတာဖြစ်ပါတယ်။ ဒီလိုမှားယွင်းဖြေဆိုလိုက်တာဟာလည်း သူမ အနေနဲ့ လောသွားတာကြောင့်လို့ဆိုပါတယ်။

သူမရဲ့ Facebook မှာ " အခုမြစ်ကြီးနား မြို့ ရောက်သွားတာ အရမ်းaဖာ်ရွေကြလို့ ပျော်မိပါ တယ် " ဆိုပြီး သူမရဲ့ချစ်စရာကောင်းတဲ့ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်ပုံရိပ်လေး တွေကို တင်ထားတာဖြစ်ပါတယ်။ မြန်မာဝတ်စုံလေးနဲ့ ချစ်စရာကောင်းနေတဲ့ ဖြူဖြူထွေး ရဲ့ ပုံရိပ်တွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Phyu Phyu Htwe's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။