ယနေ့ ဖေဖော်ဝါရီလ (၄) ရက်နေ့မှာတော့ Valentines Day အမှတ်တရအနေနဲ့ ကိုယ်ချစ်ရ ခင်ရတဲ့သူတွေကို ချောကလက်လေးတွေကျွေးကြ လက်ဆောင်လးတွေပေးနေကြတဲ့ ပုံရိပ်လေးတွေကို လူမှုစာမျက်နှာထက်မှာတွေ့မြင်နေရပါတယ်။ ဒီထဲမှာတော့ ပရိသတ်တွေ ချစ်ခင်နှစ်သက်အားပေးကြတဲ့ အနုပညာတွေလည်းပါဝင်ကြပြီး မကြာခင်ကမှ "ဥပါယ်တံမျဉ်" ဇာတ်ကားနဲ့ နာမည်ကြီးခဲ့တဲ့ သူနှစ်ဦးလည်း ပါဝင်ပါတယ်။

ပရိသတ်တွေကြားမှာ အားပေးချစ်ခင်မှုတွေကို "ဥပါယ်တံမျဉ်" ဇာတ်ကားကြီးနဲ့ အပြည့်အဝရရှိခဲ့သလို သူတို့ဇနီးမောင်နှံဟာလည်း ပရိသတ်တွေကြား ရေပန်းစားခဲ့ပါတယ်။ ခင်ပွန်းက မင်းသား ဇနီးက ဒါရိုက်တာ စသဖြင့် တူညီတဲ့လမ်းကြောင်းပေါ်မှာ အတူလျှောက်လှမ်းနေတဲ့ သူတို့နှစ်ဦးရဲ့ Valentines ဟာလည်း ရင်ခုန်စရာပါပဲ ပရိသတ်ကြီးရေ။ ဇာဏ်ခီကတော့ "ရွှေရုပ်လေးကောက်ရသလို" ဆိုပြီး ချုပ်လိုက်ပါပြီ။

ဇာဏ်ခီကတော့ သူ့ရဲ့ လူမှုစာမျက်နှာမှာ "HAPPY VALENTINE'S BABE!!

ကနဦးက ကိုယ်ဟာတော်တော်မချောမလှတဲ့သူတစ်ယောက်ပါ(ခုလဲချောတယ်လို့မထင်ပါ).. ဘာ့ကြောင့်ကိုယ့်ကို လက်ခံခဲ့လဲဆိုတာအခုထိ စဉ်းစားလို့မရဘူး။

Feeling..ရွှေရုပ်ကလေးကောက်ရသလို" ဆိုပြီး ရေးသားထားကာ သူတို့နှစ်ဦးရဲ့ ငယ်ဘဝ အမှတ်တရပုံရိပ်လေးတွေကို တင်လို့ထားပါတယ်။ 

Source: Zen Kyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။