ပရိသတ်တွေ ချစ်ခင်အားကျပြီး သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တွေထဲမှာ မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကလည်း တစ်ဦးအပါအဝင်ပါပဲ..

ပရိသတ်အချစ်တော် မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကတော့ ချစ်သူများနေ့လေးမှာ ခင်ပွန်းဖြစ်သူရဲ့ V Day လက်ဆောင်လေးကြောင့် ပျော်ရွှင်နေပါတယ်..။

ခင်ပွန်းဖြစ်သူဆီက “Beauty and the beast” ဇာတ်ကားထဲက နှင်းဆီပန်းလေးကို လက်ဆောင်ရရှိခဲ့တာ ဖြစ်ပြီး Valentine Day လေးကိုလည်း နှစ်ယောက်အတူ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့တာ တွေ့ရပါတယ်..။

ကြည်နူးစရာကောင်းတဲ့ သူမတို့ရဲ့ V Day ပုံရိပ်လေးတွေကိုတော့ မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းက Valentine Day လေး မကုန်ဆုံးခင် မိနစ်ပိုင်းအလိုမှာ သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။

“i am a happiest girl in the world.. Thank you for your love , care and kind pa pa Steve. I love your vday present # beauty and the beast rose..” ဆိုပြီး ရေးသားမျှဝေထားတာ ဖြစ်ပါတယ်..။

ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းတို့ ဇနီးမောင်နှံရဲ့ Valentine Day ပုံရိပ်လေးတွေကို ပရိသတ်ကြီးများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..

Source - သဉ္ဇာနွယ်ဝင်း fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။