ဒိန်းမတ်နိုင်ငံ ဘုရင်မ မာဂရက် II ၏ ကြင်ယာတော် (ခင်ပွန်း) ဖြစ်သည့် မင်းသား ဟန်းရစ်ခ် သည် ဖေဖော်ဝါရီ ၁၃ ရက်က ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း ဒိန်းမတ် တော်ဝင်မိသားစုက ထုတ်ပြန်ကြေညာခဲ့တယ်လို့သိရပါတယ်။ ဘုရင်မကြီး၏ ကြင်ယာတော် ဟန်းရစ်ခ်၏ ဈာပနအခမ်းအနားကို ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဒိန်းမတ်နန်းတော်က ကြေညာထားတယ်လို့သိရပါတယ်။ရုပ်အလောင်းကိုတော့ ၎င်း၏ ဆန္ဒအရ မီးသဂြိုလ်သွားမည်လို့လဲသိရပါတယ်။

ပြင်သစ်နိုင်ငံတွင် မွေးဖွားခဲ့သော မင်းသား ဟန်းရစ်ခ်သည် ၂၀၁၇ စက်တင်ဘာလကတည်းက ဦးနှောက်ထိခိုက်မှု ဝေဒနာ ခံစားနေခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ထိုဝေဒနာကြောင့်ပဲ ယခုနှစ် ဇန်နဝါရီ ၂၈ ရက်တွင်မူ အဆုတ်ရောင်ဝေဒနာဖြင့် ကိုဗင်ဟေဂင် ဆေးရုံသို့ တင်ပို့ကုသခဲ့ရတာဖြစ်ပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

မင်းသား ဟန်းရစ်ခ် ကွယ်လွန်သွားသည့်အတွက် နိုင်ငံတွင် ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်လသတ်မှတ်မည်တယ်လို့လဲသိရပါတယ်။ဒိန်းမတ် ဘုရင်မကြီး မာဂရက်နှင့် ကြင်ယာတော် ဟန်းရစ်ခ်တို့ထံတွင် အိမ်ရှေ့စံမင်းသား ဖရီဒါရစ်ခ် နှင့် မင်းသား ဂျော့ချင်း အမည်ရ သားနှစ်ဦးကျန်ရှိခဲ့တယ်လို့လဲသိရပါတယ်။

source - Mizzima


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။