မော်တော်ယာဉ်အား ပူးပေါင်းခိုးယူသူ ၂ဦးအနက် တစ်ဦးအားဖမ်းဆီးရမိ

၁၀.၁၂.၂၀၁၆ ရက်နေ့ ၀၂၀၀ အချိန်ခန့်တွင် မရမ်းကုန်းမြို့နယ်နေ

ကိုဇင်အောင်မြင့်သည် 9F---တိုယိုတာဘဲလ်တာယာဉ်အား မင်္ဂလာဒုံ

မြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စု၊ ပုလဲ(၁)ရပ်ကွက်၊ ဘိုခြံလမ်းမကြီးရှိ

ဧည့်ရိပ်သာတစ်ခု၏ရှေ့၌ ရပ်ထာခဲ့ကာ ၎င်းဧည့်ရိပ်သာ၌ တည်းခိုနေထိုင်

လျက်ရှိသော ခင်မင်ရင်းနှီးသူ ဝမ်းကိုကိုထံသို့ သွားရောက်တွေ့ဆုံပြီး

၀၂၂၀ အချိန်ခန့်တွင် ပြန်လည်ထွက်ခွာလာခဲ့ရာ အဆိုပါနေရာ၌

ရပ်တန့်ထားသောယာဉ်မှာ မတွေ့ရှိဘဲပျောက်ဆုံးနေကြောင်း

တိုင်တန်းချက်အရ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နယ်မြေရဲစခန်း

(ပ)၇၅၉/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉(ကား)ဖြင့် အမှုဖွင့်လှစ်ကာ

ခိုးယူသူအား ဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုမှပျောက်ဆုံးမော်တော်ယာဉ်နှင့်ပတ်သက်၍ မြောက်ပိုင်းခရိုင်

ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များနှင့် ထောက်ကြန့်

နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များက ပူးပေါင်း၍ စဉ်ဆက်မပြတ် လိုက်လံ

စုံစမ်းဆောင်ရွက်ခဲ့ရာ ယင်းနေ့ ၀၂၁၁ အချိန်ခန့်က ပျောက်ဆုံးမော်တော်

ယာဉ်မှာ အမှတ်(၃)လမ်းမကြီးအတိုင်း ကုန်းတလပေါင်တိုးဂိတ်မှ

အမြန်လမ်းမကြီးဘက်သို့ ဖြတ်သန်းမောင်းနှင်သွားကြောင်း သတင်း

အတည်ပြုစုံစမ်းရရှိခဲ့ပါသည်။

ယင်းသို့ စုံစမ်းရရှိသဖြင့် မော်တော်ယာဉ်ခိုးယူသွားသူအား ဖမ်းဆီးရမိရေး

ရဲတပ်ဖွဲ့ဝင်များက ထပ်ချပ်မကွာလိုက်လံစုံစမ်းခဲ့ရာ ယင်းနေ့ ၁၆း၃၀ အချိန်

တွင် မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာနေ အရှည်ကြီး(ခ)ကျော်ဇေယျ၊

(၄၃)နှစ်အား ၎င်း၏နေအိမ်မှ ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူအား စစ်ဆေးရာ ၁၁.၁၂.၂၀၁၆ ရက်နေ့ ၀၁၀၀ အချိန်တွင်

ယခင်ကခင်မင်ရင်းနှီးသူ ဝမ်းကိုကိုမှ ကားတစ်စီးအားယူဆောင်မောင်းနှင်

ပြီး ၎င်းနေထိုင်သည့် ကရင်ပြည်နယ်၊ သံတောင်ခရိုင်၊ သံတောင်ကြီး

မြို့နယ်၊ ရွာကြီးကျေးရွာရှိနေအိမ်သို့ ပို့ဆောင်ပေးရန်ပြောဆိုသဖြင့်

၎င်းတည်းခိုရာ တည်းခိုခန်းသို့သွားရောက်ခဲ့ကြောင်း၊ ၎င်းနောက်

ဝမ်းကိုကိုမှ 9F----တိုယိုတာဘဲလ်တာ မော်တော်ယာဉ်အား မောင်းနှင်

ပေးရမည်ဖြစ်ပြီး ကားသော့(၁)ချောင်းနှင့် ကားဆီဖိုးအဖြစ် ငွေကျပ်

(၁၅၀၀၀)အားကြိုတင်ပေးခဲ့ကြောင်း၊ ၀၂၀၀ အချိန်ခန့်တွင် အဆိုပါ

မော်တော်ယာဉ်မှာ တည်းခိုခန်းသို့ရောက်ရှိလာပြီး ယာဉ်မောင်းမှာ

ဝမ်းကိုကိုတည်းခိုသည့်အခန်းအတွင်းသို့ ဝင်သွားသည်ကိုတွေ့ရှိရ

ကြောင်း၊ အချိန်(၃)မိနစ်ခန့်အကြာတွင် ၎င်းမော်တော်ယာဉ်အား ခိုးယူ

မောင်းနှင်သွားခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်အရ သက်သေခံမော်တော်ယာဉ်အား ပြန်လည်

သိမ်းဆည်းနိုင်ခဲ့ပြီး အရှည်ကြီး(ခ)ကျော်ဇေယျအား အမှုဖြင့်အရေးယူ

ဆောင်ရွက်လျက်ရှိကာ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်ပြီး တိမ်းရှောင်နေသူ

ဝမ်းကိုကိုအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်း

ရရှိပါသည်။

Yangon Police

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။