သင်ငိုဖူးတဲ့အခါမှာ ပါးစပ်ထဲကိုမျက်ရည်တွေဝင်ဖူးပါသလား ? ဝင်ဖူးတယ်ဆိုရင်တော့ မျက်ရည်ရဲ့အရသာဟာ ငန်တယ်ဆိုတာ သင်သတိထားမိမှာပါ။ ဒါဆိုဘာကြောင့်ငန်ရတာလဲ ဆိုတာနဲ့ မျက်ရည်တွေအကြောင်းကို ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေလိုပါတယ်။

ပထမဆုံး မျက်ရည် (၃)မျိုးအကြောင်းကိုပြောပြချင်ပါတယ်။

Basal Tears ကတော့ မျက်ကြည်လွှာအပေါ် ဖုံးအုပ်ထားတဲ့ မျက်ရည်လွှာပါးပါးလေးကနေ ထွက်လာတဲ့ မျက်ရည်ပါ။

Reflex Tears

သူကတော့ ဖုန်တွေ၊ အညစ်အကြေးတွေဝင်ရောက်မှုကြောင့် ထွက်လာတဲ့မျက်ရည်ပါ။

Psychic Tears

ဒါကတော့ အားလုံးသိထားတဲ့အတိုင်းပဲ စိတ်ခံစားချက်တစ်စုံတစ်ရာကြောင့် ထွက်လာတဲ့ မျက်ရည်ပါ။

ဘာကြောင့်ဒီမျက်ရည်တွေက ငန်ရလဲဆိုတော့ ခန္ဓာကိုယ်ထဲမှာ ကိုယ်တွင်းဆားရည်က ၃ရာခိုင်နှုန်းလောက် ပါဝင်နေတာကြောင့်ဖြစ်ပါတယ်။ ဒီဓာတ်တွေက ခန္ဓာကိုယ်ထဲက မလိုအပ်တဲ့ ဓာတ်တွေ တုံပြန်လိုက်တဲ့အခါ အငန်ဓာတ်ကိုလွန်ကဲစေပါတယ်။ ဒါကြောင့် ချွေးတွေ၊ မျက်ရည်တွေနဲ့ တံတွေးတွေက ငန်နေတာပဲ ဖြစ်ပါတယ်။

Source – Mystyle Myanmar FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။