ဇန်နဝါရီလဆန်းပိုင်းမှာ ရုံတင်ပြသတော့မည့် "တီတီနှင့် ဒိုးနပ်"

မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ အကယ်ဒမီပြေတီဦး ပါဝင်ရိုက်ကူးထားတဲ့ ထိုင်း-မြန်မာ ဖက်စပ် ရုပ်ရှင်ဇာတ်ကားကြီးကို ၂၀၁၇ နှစ်ဦးပိုင်းမှာ ရုံတင်ပြသတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ Red Carpet Screening Show ကိုတော့ ဒီဇင်ဘာလ ၁၁ နေ့က အမျိုးသားဇာတ်ရုံမှာ နိုင်ငံတကာအဆင့်မီပြုလုပ်ကျင်းပခဲ့ပြီး အနုပညာအစည်းအရုံး ဥက္ကဌနှင့်တကွ အနုပညာရှင်များ ထိုင်းနိုင်ငံမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါတယ်။ 

ထို့ပြင် တီတီ နှင်​့ဒိုးနပ်​ ရုပ်​ရှင်​ဇာတ်​ကားထဲမှာ ပါဝင်​ကြတဲ့ အဓိက သရုပ်​​ဆောင်​​တွေ ဖြစ်​တဲ့ ​ပြေတီဦး ၊​ရွှေသမီး၊ ထိုင်​းမင်​းသမီး သရုပ်​​ဆောင်​ ​မော်​ဒယ်​ Chattarika Sittiprom ၊ ဇာတ်​လမ်​း၊ဇာတ်​ညွှန်​းဒါရိုက်​တာ Adsajun Sattagovit တိုနဲ့အတူ ထိုင်​းသရုပ်​​ဆောင်​ အများအပြား တတ်​​ရောက်​ခဲ့တာကို​တွေ့ရပါတယ်​။ တီတီ နှင်​့ဒိုးနပ်​ ရုပ်​ရှင်​ဇာတ်​ကား ကို​တော့ ​မြန်​မာရုပ်​ရှင်​ထုတ်​လုပ်​​ရေး တစ်​ခုဖြစ်​တဲ့ ​ရွှေမင်​းသမီး ရုပ်​ရှင်​ထုတ်​လုပ်​​ရေးက ရိုက်​ကူးထုတ်​လုပ်​တာဖြစ်ပြီး ဖွင်​့ပွဲအခမ်​းအနားကို​တော့ ရန်​ကုန်​တိုင်​းဝန်​ကြီးချုပ်​ ဦးဖြိုးမင်​းသိန်​း တတ်​​ရောက်​ပြီး မုဒိတာစကား ​ပြောကြား​ပေးခဲ့သလို မြန်​မာနိုင်​ငံ ရုပ်​ရှင်​ အစည်​းအရုံး ဥက္ကဌ ဦးလူမင်​း ကလည်​း အဖွင့်

အမှာစကား​ပြောကြား​ပေးခဲ့ကြပါတယ်​။

Source: Myanmar Celebrity

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။