မကြာသေးမှီကကျရောက်ခဲ့တဲ့ ချစ်သူများနေ့လေးကို ရိုမန့်တစ်ဆန်ဆန်ဖြတ်သန်းခဲ့တဲ့ မော်လ်ဒယ်သရုပ်ဆောင် ဥက္ကာမင်းမောင်တစ်ယောက်ကတော့ ဒီနေ့မှာသူ့ရဲ့ ရင်ထဲကခံစားချက်တွေ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ ဥက္ကာမင်းမောင်ဟာ Sexyကျတဲ့သူ့ရဲ့ဘော်ဒီအချိုးအစားကြောင့် ပရိတ်သတ်တွေရဲ့ စိတ်ဝင်စားမှုကိုရရှိခဲ့ပါတယ်။ 

သရုပ်ဆောင် ဥက္ကာမင်းမောင် ရဲ့ ပုံရိပ်တွေပါ။ ပရိတ်သတ်တစ်ချို့ရဲ့ ဝေဖန်မှုတွေကို အားဆေးအဖြစ်အသုံးချခဲ့ပါတယ်။ "အတိုက်အခိုက်တွေကတော့ ကျွန်တော့်ကို မခံချင်စိတ်နဲ့ ဆက်လက်ကြိုးစားအောင် တွန်းအားပေးလိုက်တယ် လို့ပဲခံယူပါတယ်" ဆိုပြီး ပြောကြားခဲ့ပါတယ်။ မကြာသေးမှီက ရိုက်ကွင်းတစ်ခုမှ အရမ်းကိုဟော့တဲ့ ဓာတ်ပုံတွေကြောင့် နာမည်ကြီးပြီး လူစိတ်ဝင်စားမှုပိုများလာခဲ့ပါတယ်။ မော်လ်ဒယ် သရုပ်ဆောင်တစ်ယောက်ဖြစ်သလို Mister Tourism World 2016 ရဲ့ Winner တစ်ဦးလည်း ဖြစ်ခဲ့တဲ့ ဥက္ကာမင်းမောင်ကတော့ အီတလီမှာ ကျင်းပပြုလုပ်မယ့် Mister ပြိုင်ပွဲမှာ ဒိုင်အဖြစ် ပါဝင်ဖို့ အတွက် ဖိတ်ကြားခြင်းခံရသူလည်း ဖြစ်ပါတယ်..။

ဥက္ကာမင်းမောင်ကတော့ Mister Tourism World 2016 Winner ဆုကို ရရှိပိုင်ဆိုင်ထားသူဖြစ်ပြီး မကြာခင်က ကျင်းပပြုလုပ်ခဲ့တဲ့ World Noble Queen International 2017 ပြိုင်ပွဲကြီးနဲ့ Mister Tourism World 2017 ပြိုင်ပွဲကြီးတွေကိုလည်း ကျင်းပပြုလုပ်ခဲ့ပါသေးတယ်။ ယောင်္ကျားပီသတဲ့ ရူပကာကြောင့် နူတ်ခမ်းနီမလေးတွေရဲ့ အသည်းကိုညို့ယူနိုင်ခဲ့သူ ဥက္ကာမင်းမောင်တစ်ယောက် ရှေ့လျှောက်အနုပညာလမ်းတစ်လျှောက် အောင်မြင်မှုတွေရရှိနိုင်ပါစေနော်။ 

photo source - Okkar Min Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။