တောင်ကိုရီးယားနိုင်ငံရဲ့ မင်းသား Song Il Kook ရဲ့ ပရိသတ်အချစ်တော် သားအမွှာလေးတွေကတော့ နှစ်ကူးမှာ ပရိသတ်တွေအတွက် ဆုမွန်ကောင်းလေးတွေ တောင်းပေးလိုက်ပါတယ်..။

ဒယ်ဟန်၊ မင်ဂု၊ မန်ဆယ်တို့ သုံးယောက်က Happy Lunar New Year အတွက် ဆုတောင်းပေးခဲ့ကြတာ ဖြစ်ပါတယ်..။

အဲ့ဒီအကြောင်းကိုတော့ မင်းသား Song Il Kook ရဲ့ အေဂျင်စီဖြစ်တဲ့ C-JeS Entertainment က သူ့ရဲ့ အင်စတာဂရမ်ကနေ “သူတို့ရဲ့ မျက်နှာလေးတွေကို မြင်တာနဲ့ သင့်ကို ပြုံးစေလိမ့်မယ်..” ဆိုတဲ့ စာသားနဲ့အတူ အမွှာလေးတွေရဲ့ ပုံရိပ်လေးတွေနဲ့အတူ ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။

ကိုရီးယားရိုးရာ ခရမ်းရောင်ဝတ်စုံလေးကို ဆင်တူဝတ်စုံလေးကို ဝတ်ဆင်ထားတဲ့ သူတို့ရဲ့ ပုံရိပ်လေးတွေကတော့ တကယ်ကို အသည်းယားစရာကောင်းအောင် ချစ်စရာလေးတွေပါပဲ ပရိသတ်ကြီးရေ..။

ပုံစာမှာလည်း သူတို့ အမွှာလေး သုံးယောက်ဟာ ရိုးရာဝတ်စုံလေးတွေနဲ့ ကြော်ငြာတစ်ခုကို ရိုက်ကူးနေတာဖြစ်တယ်လို့လည်း ပြောပြထားပါသေးတယ်..။

ပရိသတ်တွေရဲ့ အသည်းကျော် ချစ်စရာအမွှာလေးတွေဖြစ်တဲ့ ဒယ်ဟန်၊ မင်ဂု၊ မန်ဆယ်တို့ရဲ့ ချစ်စရာ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Source - Allkpop

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။